DVB Logo
Home
မြန်မာသတင်း
ICJ နိုင်ငံတကာတရားရုံးရှေ့ ကြားနာမှု မစခင် မြင်ကွင်းများ
DVB
·
February 21, 2022
ICJ နိုင်ငံတကာတရားရုံးရှေ့ ကြားနာမှု မစခင် မြင်ကွင်းများ
1 / 3
Donate to DVB

ာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲထားတဲ့အမှု နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှ ဒီကနေ့ ကြားနာမှုတွေ စတင်နေပါတယ်။ 

ဒီကနေ့မှာ မြန်မာဘက်က စတင်ပြီး လျှောက်လဲချက်ပေးရမှာ ဖြစ်ပါတယ်။ တရားရုံးရှေ့မှာ ရောက်နေတဲ့ ဒီဗွီဘီ သတင်းထောက် မအန်နာ ပြောတာကတော့ မြန်မာကိုယ်စားလှယ်အဖွဲ့ပါတဲ့ ကားတစီး တရားရုံးထဲကို ဝင်သွားတာ တွေ့လိုက်တယ်လို့ ပြောပါတယ်။ 

ဒီကနေ့မှာ နယ်သာလန်နိုင်ငံတဝန်း မုန်တိုင်း အရှိန်ကြောင့် ရာသီဥတု မကောင်းဖြစ်နေပြီး လေတိုက်နှုန်းလည်း များနေပါတယ်။ 

အိုင်စီဂျေ တရားရုံးရှေ့မှာတေ့ာ ဒီကနေ့ ပထမနေ့မှာ မြင်တွေ့ရတာကတော့ လုံခြုံရေး ယူပေးထားတဲ့ ရဲကားတစီး တွေ့ရပြီး ထူးထူးခြားခြား လုံခြုံရေးယူထားတာ မရှိဘူးလို့ သိရပါတယ်။ 

နောက်ပြီး ဒီကနေ့ တရားရုံးရှေ့မှာ    နယ်သာလန်က  မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ အယောက် ၃၀ လောက်က အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ထောက်ခံဆန္ဒပြနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013