DVB Logo
Home
မြန်မာသတင်း
တရားမဝင်ရသည့်ငွေများအတွက် မတ်လကုန်အထိသာ ဝင်ငွေခွန်သက်သာခွင့်ရမည်
DVB
·
February 21, 2022
တရားမဝင်ရသည့်ငွေများအတွက် မတ်လကုန်အထိသာ ဝင်ငွေခွန်သက်သာခွင့်ရမည်
Donate to DVB

စည်းကြပ်မှုကကင်းလွတ်နေတဲ့၀င်ငွေ (၀င်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိတဲ့၀င်ငွေ) တွေအပေါ် ဥပဒေအရသက်ညှာ ပေးထားတဲ့ အခွန်နှုန်းထားနဲ့ ဝင်ငွေအလွှာသတ်မှတ်ချက်တွေက လာမယ့် မတ်လကုန်အထိသာ ခံစားခွင့်ရှိတယ်လို့  စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဒါကြောင့် လာမယ့် ဧပြီ ၁ ရက်ကစပြီး အခွန်နှုန်းထားနဲ့ ဝင်ငွေအလွှာသတ်မှတ်ချက်တွေကို ပြန်လည် ပြင်ဆင်ပြီး အခွန်နှုန်းတိုးမြှင့်မယ့် အနေအထားဖြစ်ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ကာလအတွင်းမှာ အခုလို ၀င်ငွေခွန်အမျိုးအစားအပေါ် နှစ်ကြိမ်တိုင်အခွန်နှုန်းလျှော့ချပြီး ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။ 

၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေမှာ ၂၀၂၁ ဇွန်လကတစ်ကြိမ်၊ ၂၀၂၂ ခုနှစ် ဇန်န၀ါရီလကတစ်ကြိမ် ပြင်ဆင်လျှော့ချသတ်မှတ်ခဲ့တာပါ။

ကိုဗစ်-၁၉ကပ်ရောဂါကြောင့် နှောင့်နှေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်တိုးတက်မှုရှိလာစေရေး အားပေးမြှင့်တင်တဲ့အနေနဲ့ အဲဒီဝင်ငွေအပေါ် သက်ညှာတဲ့ အခွန်နှုန်းတွေနဲ့ သတ်မှတ်ပြဋ္ဌာန်းခဲ့တာလို့ စစ်ကောင်စီဘက်က ဆိုထားပေမဲ့  သုံးသပ်သူတွေကတော့ ဒါဟာ စစ်ဗိုလ်ချုပ်တွေရဲ့ မိသားစုဆွေမျိုးတွေ၊ စစ်တပ်နဲ့ပေါင်းပြီး ကိုယ်ကျိုးရှာနေတဲ့ စီးပွားရေးသမားတွေ၊ မူးယစ်ဆေးဝါးနဲ့ မှောင်ခိုလုပ်ငန်းတွေက ရတဲ့ ငွေမည်းတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးနေတာလို့ ပြောကြပါတယ်။ 

အရင်အရပ်သားအစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေမှာ နိုင်ငံသားမည်သူမဆို အခြေပစ္စည်း တစ်ရပ်ရပ်ကို ၀ယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနဲ့ လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်းတွေအတွက် အသုံးပြုတဲ့ ၀င်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်တဲ့ ဝင်ငွေရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်မှာ လည်းကောင်း၊ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်း မရှိပါက အသုံးပြုတဲ့ ဝင်ငွေအပေါ်မှာ ၁ ကျပ်ကနေ ကျပ်သိန်း ၁,၀၀၀ အထိကို ၆ ရာခိုင်နှုန်း၊ ကျပ် ကျပ်သိန်း ၁,၀၀၀ အထက်မှ ကျပ်သိန်း ကျပ်သိန်း ၃,၀၀၀ အထိကို ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃,၀၀၀ အထက်မှ ကျပ်သိန်း ၃၀,၀၀၀ အထိကို ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀,၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်းထိ ကောက်ခံဖို့ သတ်မှတ်ပြဋ္ဌာန်းခဲ့ပါတယ်။

လက်ရှိစစ်ကောင်စီ လက်ထက်မှာတော့ စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ၀င်ငွေတွေအပေါ်  ၁ ကျပ်ကနေ ကျပ်သိန်း ၃,၀၀၀ အထိကို ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃,၀၀၀ အထက်မှ ကျပ်သိန်း ၆,၀၀၀ အထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၆,၀၀၀ အထက်မှ ကျပ်သိန်း ၁၀,၀၀၀ အထိကို ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀,၀၀၀ ကနေ ကျပ်သိန်း ၃၀,၀၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀,၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်းနဲ့ စည်းကြပ်ကောက်ခံဖို့  ပြင်ဆင်လျော့ချသတ်မှတ်ခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013