DVB Logo
Home
မြန်မာသတင်း
မစ္စတာ ကင်တားနား ကချင်ခေါင်းဆောင်များနှင့်တွေ့ဆုံ
DVB
·
February 17, 2014
မစ္စတာ ကင်တားနား ကချင်ခေါင်းဆောင်များနှင့်တွေ့ဆုံ
Donate to DVB
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားဟာ ဖေဖ်ာဝါရီ ၁၆ ရက်နေ့က ကချင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး ကချင်ခေါင်းဆောင်တွေနဲ့ ကချင်ဒုက္ခသည်တွေကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။ [caption id="attachment_51821" align="alignright" width="300"]မစ္စတာကင်တားနား ကချင်ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် မစ္စတာကင်တားနား ကချင်ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ်[/caption] ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တား နားဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့မနက်ပိုင်းက မြစ်ကြီးနားကို ရောက်ရှိခဲ့ပြီး ကချင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ကို တွေ့ဆုံပြီး ညနေပိုင်းမှာတော့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အို) ဌာနချုပ်ရှိရာ လိုင်ဇာကို သွားရောက်ခဲ့ပါတယ်။ လိုင်ဇာကို ရောက်ရှိချိန် ကေအိုင်အိုခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို ဂျေယန်း ကချင် ဒုက္ခသည်စခန်းကိုသွားရောက်ပြီး ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ကေအိုင်အိုခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး ကေအိုင်အိုရဲ့ ဗဟိုကော်မီတီဝင် ဦးဒွဲပီစာက အခုလို ရှင်းပြပါတယ်။ “သူက လူ့အခွင့်အရေးတာဝန်နဲ့ လိုင်ဇာကို ရောက်တယ်။ ကေအိုင်အိုနဲ့ အခု မြန်မာအစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခြေအနေ ဘယ်လိုရှိလဲဆိုတာ ပြည်သူလူထုအရေးနဲ့ ပတ်သက်ပြီးမှ ရောက်လာတယ်လို့ မိတ်ဆက်စကား ပြောပါတယ်။ ကေအိုင်အိုဥက္ကဋ္ဌကတော့ ကျနော်တို့ တော်လှန်ရေးဖြစ်လာတဲ့အကျိုးကြောင်း ရှင်းပြတယ်။ နောက် ဗမာအစိုးရ အဆက်ဆက်နဲ့ ငြိမ်းချမ်းရေး ကြိမ်ကြိမ်အခါခါ ခဲ့တယ်။ အခု လည်းပဲ ကျနော်တို့ ငြိမ်းချမ်းရေးရဖို့ နိုင်ငံရေး နဲ့ ဆွေးနွေးဖို့ ကြိုးစားနေတယ်ဆိုတဲ့ အကျိုးအကြောင်းကို ရှင်းပြတာ ရှိပါတယ်။” ဒါ့အပြင် ဒုက္ခသည်တွေနဲ့ တွေ့ဆုံချိန်မှာလည်း မေးမြန်းပြောဆိုမှုတချို့ကို အခုလို ဆက်ပြောပါတယ်။ “ဒုက္ခသည်ကိုတွေကို မေးတာတော့ ခင်ဗျားတို့ ဘာကြောင့် ဒီမှာလာနေလဲလို့ မေးခွန်း ထုတ်တယ်။ အိုင်ဒီပီတွေက စစ်ဖြစ်ပြီးမှ ရွာမှာနေလို့ လုံခြုံမှု မရှိတဲ့အတွက် ပြောင်းခဲ့တယ်လို့ ပြောပါတယ်။ နောက် ခင်ဗျားတို့ ရပ်ရွာကို မပြန်ချင်ဘူးလား၊ ဘယ်တော့ပြန်မလဲဆိုတာလည်း မေးတယ်။ သူတို့ကတော့ ပြန်ချင်တယ်။ အခု လက်ရှိအခြေအနေက ပြန်နိုင်မယ့် အခြေအနေ မရှိဘူး၊ လုံခြုံမှုမရှိဘူး၊ အခု ရပ်ရွာမှာ ဗမာစစ်ကြောင်းတွေက တပ်စခန်း ချထားတယ်။ မပြန်နိုင်ဘူး။ ပြန်ချင်တယ်လို့ ဖြေကြတယ်။ ” မစ္စတာ ကင်တားနားအနေနဲ့ ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာကို ရောက်လာတာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပြီး လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေနေတွေကို မြင်တွေ့သွားမယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။ အစိုးရနဲ့ ကေအိုင်အိုနှစ်ဘက်စလုံးက တိုက်ပွဲဆက်မဖြစ်အောင် ကြိုးပမ်းနေတယ်ဆိုတာ သူ့ကိုပြောဆိုကြောင်းနဲ့ တိုက်ပွဲဆက်လက်မဖြစ်ရေးဟာ အရေးကြီးကြောင်း မြစ်ကြီးနားမြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ မစတာကင်တားနားက ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားဟာ ဖေဖ်ာဝါရီ ၁၇ ရက်နေ့က စစ်ကိုင်တိုင်း မုံရွာခရိုင် လက်ပံတောင်းတောင်ဒေသကိုလည်း သွားရောက် လေ့လာခဲ့ပြီး မုံရွာမြို့ ၀င်းယုနဒီဟော်တယ်မှာ လက်ပံတောင်းဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံမှုအပြီးမှာတော့ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး နေပြည်တော်ကို ပြန်ထွက်ခွာပါတယ်။ မနက်ဖြန်မှာတော့ နေပြည်တော်က အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။ မစ္စတာကင်တာနားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကနေ ၁၉ ရက်နေ့အထိ သီတင်း ၁ ပတ်ကြာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး တိုးတက်ပြောင်းလဲမှု အခြေအနေကို လေ့လာနေတာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013