DVB Logo
Home
မြန်မာသတင်း
NUG၊ CRPH နှင့် တွေ့ဆုံဆွေးနွေးမှုမပြုလုပ်ရန် အာဆီယံအထူးကိုယ်စားလှယ်ကို စစ်ကောင်စီ တားမြစ်
DVB
·
February 21, 2022
NUG၊ CRPH နှင့် တွေ့ဆုံဆွေးနွေးမှုမပြုလုပ်ရန် အာဆီယံအထူးကိုယ်စားလှယ်ကို စစ်ကောင်စီ တားမြစ်
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကြာ နိုင်ငံရေးအကျပ်အတည်းကို စတင်ဖြေရှင်းဖို့ကြိုးပမ်းမှုမှာ  အာဆီယံအထူးသံတမန်နဲ့ CRPH၊ NUG  အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အာဆီယံရဲ့ တိုက်တွန်းချက်ကို  မြန်မာစစ်အာဏာသိမ်းအုပ်စုက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်သစ်ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်ဟာ မတ်လမှာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားကြောင်းပြီးခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးများသီးသန့် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ 

မလေးရှားနိုင်ငံရဲ့  ကျောထောက်နောက်ခံပြုမှုနဲ့အတူ အန်အယ်လ်ဒီ လွှတ်တော်အမတ်တွေ အများစုပါတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံဖို့ ကြိုးပမ်းနေတာပါ။ 

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီနိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၂၀ ရက်က ကြေညာချက်ထုတ်ပြန် ကန့်ကွက်ထားတာဖြစ်ပါတယ်။

CRPH ၊ NUG နဲ့လက်အောက်ခံအဖွဲ့အစည်းများအားလုံးကို အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာထားတာကို ထပ်မံအသိပေးလိုကြောင်း အထူး ကိုယ်စားလှယ်အား ဒီလို အဖွဲ့အစည်းမျိုးနဲ့ ထိတွေ့ဖို့ အကြံပြုတာဟာ အာဆီယံ ပဋိညာဉ်စာတမ်းပါ မူတွေကို ဆန့်ကျင်ရုံသာမက အာဆီယံရဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုကိုလည်း ထိပါးစေကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NUG  အမျိုးသားညီညွတ်ရေးအစိုးရကလည်း စစ်ကောင်စီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာဖြစ်ပြီး အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့  CRPH နဲ့ NUG အဖွဲ့တွေနဲ့ တွေ့ဖို့ကိစ္စ စစ်ကောင်စီထံကနေ ခွင့်ပြုချက်တောင်းနေစရာ မလိုဘူးလို့လည်း NUG အစိုးရက ပြောကြားထားပါတယ်။

NUG အဖွဲ့ဝင်တွေနဲ့ ဘယ်အချိန် ဘယ်နေရာမှာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်မယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့  အထူးသံတမန် ပရတ်ဆိုခွန်က ပြောကြားခြင်းမရှိပါဘူး။ 

အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့  အဆင့်မြင့် ခေါင်းဆောင်တွေ အများအပြားကိုလည်း ထောင်သွင်းအကျဉ်းချခဲ့တာဖြစ်တဲ့အတွက် အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ရဖို့က မရေရာတဲ့ အခြေအနေရှိနေပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို ဖေဖော်ဝါရီ ၁၇ ရက်က ဖနွမ်းမြို့မှာ ကျင်းပခဲ့ရာမှာ  စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို အစည်းအဝေး တက်ခွင့်မပေးခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013