DVB Logo
Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံရဲ့ အသက်သွေးကြော ပုဒ်မ ၄၃၆ ပြင်ဖို့ အန်အယ်ဒီနဲ့ ၈၈ ပူးပေါင်း လုပ်ဆောင်မည်
DVB
·
February 16, 2014
၂၀၀၈ ဖွဲ့စည်းပုံရဲ့ အသက်သွေးကြော ပုဒ်မ ၄၃၆ ပြင်ဖို့ အန်အယ်ဒီနဲ့ ၈၈ ပူးပေါင်း လုပ်ဆောင်မည်
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ ပုဒ်မ ၄၃၆ ပြုပြင်ပြောင်းလဲဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ဖေဖော်ဝါရီ ၁၆ရက်မှာ ကြေညာချက်ထုတ်ပြန် ပြောဆို လိုက်ပါတယ်။

[caption id="attachment_51813" align="alignright" width="300"]ဓာတ်ပုံ - ၈၈ မျိုးဆက်  ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဓာတ်ပုံ - ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း[/caption]အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဖေဖော်ဝါရီလ ၂၆ ရက် မနက်ပိုင်းမှာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး အခု ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ပုဒ် ၄၃၆ ပြင်ဖို့ လိုအပ်ပုံကို ၈၈ မျိုးဆက်ကျောင်းသား ကိုဂျင်မီ ပြောပြတာက “ဖွဲ့စည်းပုံ အခြေခံဥပဒေက ဘယ်အပိုက်ကိုပဲ ပြင်ပြင် အဓိက အသက်သွေးကျောက ပုဒ်မ ၄၃၆ ဖြစ်နေတာ တွေ့ရတယ်။ အခု တိုင်းရင်းသားတွေရော ကျနော်တို့ နိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားအားလုံး မျှော်မှန်းနေတဲ့ ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးတို့ တိုင်းရင်းသား တန်းတူရေးတို့ ဖက်ဒရယ် ပြည်ထောင်စု စသဖြင့်ပေါ့ဗျာ၊ အဲဒီ မျှော်မှန်းချက်တွေဟာ ဒီ ပုဒ်မ ၄၃၆ ကို မပြင်နိုင်ပဲ ဘယ်လို့မှ မရနိုင်ဘူး။ နောက်တချက် ပုဒ်မ ၄၃၆ ဟာ လွှတ်တော်ထဲမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍက ပုဒ်မ ၄၃၆ ကြောင့် မှေးမိန်နေတာ တွေ့ရတယ်။ တွေ့တဲ့အတွက် အဲဒီ ပုဒ်မ ၄၃၆ ဟာ မဖြစ်မနေ ပြင်ရမယ့် အချက်ဆိုတာကို တွေ့ရတယ်။”လို့ ပြောပါတယ်။

၈၈ အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေ ဘယ်လို သဘောဆန္ဒရှိကြသလဲ ဆိုတာ ကြိုးပမ်း လုပ်ဆောင်ပြီး လွှတ်တော်ထဲရောက်အောင် ပို့ဆောင်ပေးမယ်၊ တရားဥပဒေ စိုးမိုးရေးကို မျက်ခြေပြတ်မခံဘဲ နည်းလမ်းပေါင်းစုံ သုံးပြီး ပြည်သူ့ဆန္ဒ ရယူသွားမယ်လို့လည်း ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ လိုတယ်ဆိုတဲ့ နိုင်ငံရေးအင်အားစုတွေ တိုင်းရင်းသားအဖွဲ့တွေနဲ့လည်း ဆွေးနွေး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ရက်က ဖွဲ့စည်းပုံပြင်ဆင်ရေး ငြိမ်းချမ်းပြီး တရားမျှတတဲ့နည်းနဲ့ ပုးပေါင်း လုပ်ဆောင်သွားမယ်လို့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အခု တခါ ပုဒ်မ ၄၃၆ကို ပူးပေါင်းပြုပြင်မယ်လို့ ကြေညာချက်တစောင် ထပ်မံထုတ်ပြန်ခဲ့တာပါ.။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂) ပုဒ်မ ၄၃၆ မှာ ပုဒ်မခွဲ(က) ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၁) ပုဒ်မ ၁ မှ ၄၈၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀။ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁။ အခန်း(၅)ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆။ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀။ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး မဲဆန္ဒပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ဆန္ဒမဲနဲ့ ပြင်ဆင်ရမယ်လို့ ဖော်ပြထားပါတယ်။

ပုဒ်မခွဲ(က)မှာ ဖော်ပြထားတဲ့ ပြဋ္ဌာန်းချက်တွေမှအပ အခြားပြဋ္ဌာန်းချက်တွေကိုတော့ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်နဲ့ ပြင်နိုင်တယ်လို့ ပုဒ်မခွဲ(ခ)မှာ ဆက်လက် ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013