DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာသစ် ၃၀၀၀ ကျော် နှစ်ရက်ဆက်တိုက် စံချိန်တင်တွေ့၊ စုစုပေါင်း ၅၆၀,၀၀၀ ကျော်လာ
DVB
·
February 20, 2022
ကိုဗစ်လူနာသစ် ၃၀၀၀ ကျော် နှစ်ရက်ဆက်တိုက် စံချိန်တင်တွေ့၊ စုစုပေါင်း ၅၆၀,၀၀၀ ကျော်လာ
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃,၀၀၀ ကျော် နှစ်ရက်ဆက်တိုက် စံချိန် တင် တွေ့ရှိခဲ့ပြီးနောက်မှာ ကူးစက်ခံရသူပေါင်း ၅၆၂,၃၆၄ ယောက်ရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၉ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရောဂါကူးစက်မှု ရာဂဏန်းသာ ရှိခဲ့ရာကနေ စံချိန် တင် ၁၂ ရက်ဆက်တိုက် ထောင်ချီတွေ့ရှိခဲ့တာဖြစ်ပြီး မနေ့က ကူးစက်မှုအသစ် ၃,၀၀၀ ကျော်ထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးက  ရောဂါကူးစက်ခံရသူပေါင်း ၈၃၃ ယောက်နဲ့ အမြင့်ဆုံးဖြစ်နေခဲ့တာပါ။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲ စမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရော ဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၃၀,၄၀၆ ခု ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၃,၀၅၀ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၁၀ ဒသမ ၀၃ ရာခိုင်နှုန်း  ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၇၉၁ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ ၅ ယောက်ရှိတာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၃၂၇ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တုန်းကတော့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ယောက်မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိရကြောင်း ကနဦး ထုတ်ပြန်ထားခဲ့တာပါ။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါ ပိုးတွေ့လူနာအယောက် ၃၅၀ နီးပါး ရှိလာခဲ့ပြီဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေး ဝန် ကြီးဌာနက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013