DVB Logo
Home
မြန်မာသတင်း
“ပြန်လည်စုရုံး နှစ်ခြောက်လုံး” လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြရန် ကုလသမဂ္ဂရုံးချုပ်ရှေ့ ဆန္ဒပြ
DVB
·
February 20, 2022
“ပြန်လည်စုရုံး နှစ်ခြောက်လုံး” လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြရန် ကုလသမဂ္ဂရုံးချုပ်ရှေ့ ဆန္ဒပြ
1 / 9
Donate to DVB

“ပြန်လည်စုရုံး နှစ်ခြောက်လုံး (၂၂၂၂၂၂)” ဆိုတဲ့လှုပ်ရှားမှုကို ထောက်ခံစည်းရုံးတဲ့အနေနဲ့  ဆန္ဒပြပွဲတစ်ခုကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ဖေဖော်ဝါရီ ၁၉ ရက်၊ ဒေသစံတော်ချိန် နေ့ခင်း ၂ နာရီမှ ၄ နာရီအထိ စုရုံးပြုလုပ်ခဲ့ကြပါတယ်။

တနှစ်တာကာလအတွင်း ကြွေလွင့်သွားခဲ့ရတဲ့ တော်လှန်ရေးကြယ်ပွင့်လေးတွေကို အမှတ်ရဂုဏ်ပြုကြတာပါ။ 

ဒါ့အပြင် မြန်မာအရေးနဲ့ပတ်သက်လို့ တနှစ်ပတ်လုံးစိုးရိမ်နေတဲ့ ကုလသမဂ္ဂကိုလည်း နောက်ထပ်ဘယ်နှယောက်များ ပေးဆပ်ကြရဦးမှာလဲဆိုပြီး မေးခွန်းထုတ် ဆန္ဒပြတောင်း‌ဆိုကြပါတယ်။

တော်လှန်ရေးကို အရှိန်မြှင့်ဖို့အတွက် လာမယ့် ဖေဖော်ဝါရီ ၂၂ ရက် နှစ်ခြောက်လုံးနေ့ကို အစွဲပြုပြီး "ပြန်လည်စုရုံး နှစ်ခြောက်လုံး" "ကျေးလက်ပုန်ကန် မြို့ပြဖီဆန်" ဆိုတဲ့ လူထုသပိတ်ကို မြန်မာနိုင်ငံအနှံ့နဲ့ ပြည်ပနိုင်ငံတွေမှာပါ လှုပ်ရှားကြဖို့ စည်းရုံးလှုံ့ဆော်နေကြပါတယ်။

ဒီလှုပ်ရှားမှုမှာ ပြည်သူတွေ အဲ့ဒီနေ့ အပြင်သွားရင် ဦးထုပ်ခမောက်ဆောင်းဖို့၊ သနပ်ခါးလိမ်းဖို့၊ လက်ထဲမှာ ပန်းစည်းပန်းပွင့်တွေ ကိုင်ဆောင်လာပြီး ကိုယ်ရောက်တဲ့အရပ် လူထုသပိတ်လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ပေးကြဖို့ကို လှုံ့ဆော်နေကြတာပါ။

ဒီလှုပ်ရှားမှုကို ထောက်ခံစည်းရုံးပြီးပြုလုပ်တဲ့ နယူယောက်မြို့ ကုလသမဂ္ဂရုံးရှေ့က ဆန္ဒပြပွဲမှာတော့ မြန်မာပြည်ဖွား တိုင်းရင်းသား ညီအကိုမောင်နှမ ၂၀၀ ကျော်လောက် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013