DVB Logo
Home
မြန်မာသတင်း
ICJ ကြားနာစစ်ဆေးမှု စစ်ကောင်စီကိုယ်စားလှယ်များ တက်ရောက်ရန်ရှိနေ
DVB
·
February 19, 2022
ICJ ကြားနာစစ်ဆေးမှု စစ်ကောင်စီကိုယ်စားလှယ်များ တက်ရောက်ရန်ရှိနေ
1 / 2
Donate to DVB

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ ဖေဖော်ဝါရီ ၂၁ ရက်  တနင်္လာနေ့ ကြားနာစစ်ဆေးမှုတွေမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေလည်း တက်ရောက်ဖို့ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ပထမအကြိမ် ကြားနာပွဲမှာ လက်ရှိ ဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး တက်ရောက်ခဲ့တာဖြစ်ပြီး အခုအကြိမ်မှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး တက်ရောက်မယ့် အဖွဲ့ကို အသိအမှတ်ပြုရေးက တရားစီရင်ရေးဆိုင်ရာ အငြင်းပွားမှုကို ရှုပ်ထွေးစေနေတာပါ။

ရွေးကောက်ခံ အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (အန်ယူဂျီ)  က သံအမတ်ကြီးဦး ကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ်ခန့်အပ်ကာ နိုင်ငံတကာ ရှေ့နေ ၂ ဦးပါဝင်တဲ့ ဥပဒေပညာရှင်အဖွဲ့ကို မကြာသေးမီက ဖွဲ့စည်းထားသလို အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ခေါင်းဆောင်တဲ့အဖွဲ့ကို ဖွဲ့စည်းထားပါတယ်။

လတ်တလော အမှုရင်ဆိုင်ဖို့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ကို စေလွှတ်ထားပြီး ဦးဝဏ္ဏမောင်လွင်ကနေ နေပြည်တော်ကနေ အွန်လိုင်းက အမှုကြားနာမယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ဆိုတာကို ငြင်းဆိုပြီးတော့ ဂမ်ဘီယာရဲ့ပြောဆိုချက်ကို ပယ်ချဖို့ တောင်းဆိုခဲ့ပါတယ်။ 

ဒါပေမဲ့ NUG က ICJ ရဲ့ စီရင်ပိုင်ခွင့် အာဏာကို လက်ခံကြောင်း ဒေါ်အောင်ဆန်စုကြည်ရဲ့ ကနဦးထွက်ဆိုချက်တွေကို ရုပ်သိမ်းကြောင်း  အခုလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ 

ICJ မှာ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့အမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရ ကိုယ်စားပြုအနေနဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်ကာ ရင်ဆိုင်ဖြေရှင်းဖို့ တရားရုံးကို စာပေးပို့ထားပေမယ့် အကြောင်းပြန်စာမရသေးဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီဗွီဘီကို ပြောထားပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နယ် သာလန်နိုင်ငံ သည်ဟိတ်မြို့က ICJ တရားရုံးမှာ တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သတ်ပြီး  ဖေဖေါ်ဝါရီ ၂၁ ရက်မှ  ၂၈ ရက်အထိ ဒုတိယအကြိမ် ကြားနာစစ်ဆေးမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013