DVB Logo
Home
မြန်မာသတင်း
ရေးမြို့တွင် ကိုဗစ်ရောဂါ ပြန်လည်ကူးစက်လာ၊ ၂ ရက်အတွင်း အတည်ပြုလူနာ ၁၇ ဦးတွေ့ရှိ
DVB
·
February 19, 2022
ရေးမြို့တွင် ကိုဗစ်ရောဂါ ပြန်လည်ကူးစက်လာ၊ ၂ ရက်အတွင်း အတည်ပြုလူနာ ၁၇ ဦးတွေ့ရှိ
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်မှာ တကျော့ပြန် ကိုဗစ်-၁၉ ကူးစက်မှု စတင်လာပြီး ဖေဖော်ဝါရီ ၁၇ ရက်နဲ့ ၁၈ ရက်နေ့က အတည်ပြုလူနာသစ် ၁၇ ဦးတွေ့ရှိခဲ့တယ်လို့  ပရဟိတသမားတွေက ပြောပါတယ်။

ကိုဗစ်ကူးစက်ခံရသူတွေကတော့ ဆေးရုံ သူနာပြု ၁ ဦးအပါအဝင် မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေကဖြစ်ပြီး အများစုက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ထားပြီးတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရောဂါကူးစက်ခံရတဲ့သူတွေကို ရေးဆေးရုံ ကိုဗစ် လူနာထားရှိတဲ့ သီးသန့်ဆောင်မှာ ထားရှိ ကုသပေးနေပြီး အိုမီခရွန် ရှိမရှိတော့ မသိရသေးဘူးလို့ ကျန်မာရေး ဦးစီးဌာနက သိရပါတယ်။

ရေးမြို့နယ်တွင် ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကနေ ဖေဖော်ဝါရီ ၁၂ ရက်အထိ ကိုဗစ်ပိုးတွေ့လူနာ   ၁၉၁၁ ဦး၊ ဆေးရုံကနေ ဆင်းခွင့်ရရှိသူ ၁၇၆၃ ဦးနဲ့ သေဆုံးသူ ၁၄၂ ဦး ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကလည်း နိုင်ငံတဝန်းလုံးမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃,၀၅၈ ယောက်ကူးစက်ခံရပြီး စုစုပေါင်း အတည်ပြုလူနာ ၅၅၉,၃၁၄ ယောက်ရှိပြီလို့ မနေ့ညက ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013