DVB Logo
Home
မြန်မာသတင်း
စစ်တပ်ပစ်သတ်ခဲ့သည့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၆၀ ဦးနှင့် ဖမ်းဆီးခံရသူ ၁၂၂၀၀ ကျော်လာ
DVB
·
February 19, 2022
စစ်တပ်ပစ်သတ်ခဲ့သည့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၆၀ ဦးနှင့် ဖမ်းဆီးခံရသူ ၁၂၂၀၀ ကျော်လာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၆၀ ယောက်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူပေါင်း ၁၂၂၂၈ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက် အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉၂၁၅ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၇၁၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၇၃ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ညောင်တိုကျေးရွာစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်အုပ်စုတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ အဆိုပါကျေးရွာမှ ဦးစန်းအောင်နဲ့ သား နှစ်ယောက်ဖြစ်တဲ့ ကိုထွန်းထွန်းဦး၊ ကိုသန်းထိုက်ဦးတို့ကို အာဏာသိမ်းပြီးစ ဆန္ဒပြပွဲတွေမှာ ပါဝင်တယ်ဆိုကာ ဖေဖော်ဝါရီ ၁၅ ရက်ညအချိန်က နေအိမ်အတွင်း ဝင်ရောက် ရိုက်နှက်ခဲ့ကြောင်း သိရှိရပါတယ်။ ဦးစန်းအောင်ကို ဆေးကုသဖို့ မြင်းခြံခရိုင်ဆေးရုံနဲ့ ငါန်း ဇွန်ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် လက်ခံကုသပေးခြင်းမရှိပဲ ဖေဖော်ဝါရီ ၁၇ ရက်ည ၉ နာရီ ဝန်းကျင်မှာတော့ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက ညောင်တိုကျေးရွာစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်အုပ်စုတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ညောင်တိုကျေးရွာမှ ရွာသား တယောက်ဖြစ်တဲ့ ဦးအောင်ညွန့်ကို အဆိုပါစာသင်ကျောင်းအတွင်းကို ဖမ်းဆီးခေါ် ဆောင်ကာ ရိုက်နှက်ခဲ့ကြောင်း သိရှိရပါတယ်။ အဲဒီည ၉ နာရီလောက်မှာတော့ ဦးအောင်ညွန့်ရဲ့ ရုပ်အလောင်းကို လမ်းဘေးမှာ တွေ့ရှိရကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013