DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့နယ် ချောင်းဦးကြီးရွာကို စစ်ကောင်စီတပ်က မီးရှို့၊ အိမ်ခြေ ၄၅၀ ခန့် ပျက်စီးဆုံးရှုံး
DVB
·
February 18, 2022
ပုလဲမြို့နယ် ချောင်းဦးကြီးရွာကို စစ်ကောင်စီတပ်က မီးရှို့၊ အိမ်ခြေ ၄၅၀ ခန့် ပျက်စီးဆုံးရှုံး
1 / 9
Donate to DVB

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ချောင်းဦးကြီးကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့မနက် ၉ နာရီလောက်က မီးရှို့တာကြောင့် နေအိမ် ၄၅၀ လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပုလဲမြို့နယ်မင်းတိုင်ပင်ရွာကနေ စစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ်ဖြစ်ပြီး ရွာဝင်လာကတည်း အကုန်ထွက်ပြေးကြတာလို့  ရွာသားတဦးက ပြောပါတယ်။

“သူတို့လာကတည်းက အကုန်ထွက်ပြေးနေကြရတာ။ အနားသွားလည်း မကြည်ရဲဘူးလေ။ စခတွေက အစိုးရတဲ့ကောင်တွေမဟုတ်ဘူး။ သူတို့မထင်ရင်အကုန်သတ်နေ ကြတာ။ ခံရပါများတော့ ရွာသားတွေကလည်း ကြောက်လန့်နေကြတော့တာ။ အခုလို ဘာကြောင့်မီးရှို့တာလဲဆိုတော့ဗျာ သူတို့ကို မထောက်ခံရင်၊ ပျူစောထီးသင်တန်းမတက်ရင် ရွာကို မီးရှို့မယ်လို့တော့ သတင်းတွေ အရင်စစ်ကောင်စီဘက်က လွှင့်တယ်။ အဲလိုလွှင့်ပြီးတော့ အခု ဒီကျေးရွာ ပထမဆုံး မီးရှို့ခံရတာပဲ။ ကျနော်တို့ ဘယ်သူတွေကမှ မကယ်နိုင်ကြတော့ဘူးလား။ ကြာရင် ကျနော်တို့ပုလဲမြို့နယ် မီးလောင်ကွင်းကြီးပဲ ဖြစ်ကျန်ခဲ့တော့မယ်။”

ချောင်းဦးကြီးကျေးရွာမှာ အိမ်ခြေ ၄၅၀ ကျော်၊  လူဦးရေ ၃၅၀၀ လောက် နေထိုင်ကြပြီး စစ်ကောင်စီတပ်က ဒီနေ့မနက် မီးရှို့တာကြောင့် နေအိမ် ၅ လုံးလောက်သာ ကျန်တော့တယ်လို့ ဆိုပါတယ်။

ပုလဲမြိုနယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ကနေ စတင်ပြီး မွေ့တုံကျေးရွာ၊ ပန်းရွာကျေးရွာ၊ ကိုင်းတွင်းရွာ၊ အင်မထီးကျေးရွာတွေကို စစ်ကောင်စီက မီးရှို့ခဲတာကြောင့် အိမ်ခြေ ရာနဲ့ချီ ဆုံးရှုံးခဲ့ပြီး ဒေသခံတွေ စားဝတ်နေရေး အခက်အခဲဖြစ်နေကြပါတယ်။

အခုတကြိမ် ချောင်းဦးကျေးရွာကို စစ်ကောင်စီက ထပ်မံမီးရှို့နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013