DVB Logo
Home
မြန်မာသတင်း
မြောက်ဦးရှေးဟောင်းဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး အီတလီ ပညာရှင်လာရောက်လေ့လာ
DVB
·
February 17, 2022
မြောက်ဦးရှေးဟောင်းဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး အီတလီ ပညာရှင်လာရောက်လေ့လာ
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးရှေးဟောင်းဒေသကို ကမ္ဘာ့အမွေအနှစ်  ယူနက်စကို ဝင်ဖို့အတွက် အဆိုပါဒေသမှာရှိတဲ့ ချောင်းတွေကို ရေစီးရေလာကောင်းအောင် အရင်ဆုံးပြုပြင်သင့်တယ်လို့ အီတလီနိုင်ငံသား ရေအရင်းမြစ် ပညာရှင် ပါမောက္ခ Massimo Sarti က ပြောကြားလိုက်ပါတယ်။

အဲဒီလို မပြုပြင်ပဲထားမယ်ဆိုရင် ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ဖို့ အခက်အခဲ ရှိနိုင်တယ်လို့လည်းပြောပါတယ်။

အီတလီနိုင်ငံသား ရေအရင်းမြစ်ပညာရှင် ပါမောက္ခ Massimo Sarti ဟာ ဖေဖော်ဝါရီ ၉ ရက်မှ ၁၅ ရက်အထိ မြောက်ဦးဒေသကို သွားရောက်လေ့လာပြီးနောက် အခုလို ပြောဆိုခဲ့တာပါ။ 

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးနဲ့ ပတ်သက်လို့ အီတလီနိုင်ငံသား ရေအရင်းမြစ်ပညာရှင် ပါမောက္ခ Massimo Sarti ကို မြောက်ဦးခရိုင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာက ငှားရမ်းပြီး လေ့လာစေခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီလိုလေ့လာပြီးတဲ့နောက် သူတွေ့ရှိချက် အချက် ၃ ချက်ကို ရှေးဟောင်းသုတေသနနဲ့ ယူနက်စကို ဝင်ရေးအတွက် ကြိုးစားနေတဲ့အဖွဲ့တွေကို အစီရင်စာတင်ခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

မြောက်ဦးဒေသမှာ လက်ရှိ ချောင်းမြောင်းတွေ ပိတ်ဆို့မှုတွေဖြစ်ပေါ်နေတာရှိပြီး မပြုပြင်ပဲ ထားမယ်ဆိုရင် နောက်နှစ်အနည်းငယ် အတွင်းမှာ မြောက်ဦးဒေသဟာ ရေကြီးနိုင်တဲ့ အန္တရာယ်ဖြစ်ပေါ်လာနိုင်တာကြောင့် အဲဒီကိစ္စရပ်နဲ့ပတ်သက်လို့ ယူနက်စကိုက တာဝန်ရှိသူတွေ လာရောက်စစ်ဆေးတဲ့အခါ ဘယ်လို ဆုံးဖြတ်သွားမယ်ဆိုတာ မပြောနိုင်ဘူးလို့ မြောက်ဉီးရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကလည်း ပြောပါတယ်။

မြောက်ဦးရှေးဟောင်းနယ်မြေမှာ လက်ရှိအချိန်မှာတော့ ရှေးဟောင်းနယ်မြေ တောင်တွေကို တူးဖော်ကြတာတွေကို ဟန့်တားထားပြီး ချောင်းတွေကို ပိတ်ဆို့ကာ အိမ်ဆောက်လုပ်တာတွေကိုလည်း ပြည်နယ် ရှေးသုအနေနဲ့ ခွင့်မပြုထားသလို ယူနက်စကိုဝင်နိုင်ရေးလည်း ဒေသခံပြည်သူတွေပါ ပူးပေါင်းပါဝင်ဆောက်ရွက်မှ ရနိုင်မယ်လို့ ရခိုင်ပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဉီးဆန်းဝင်းက ပြောပါတယ်။

မြောက်ဦးရှေးဟောင်းဒေသကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ အဆိုပြုလွှာ မူကြမ်းတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ အဆိုပြုလွှာ မူချောတင်သွင်းခဲ့ပါတယ်။

မြောက်ဦးရှေးဟောင်းဒေသကို ယူနက်စကိုဒေသအဖြစ် ဝင်ရောက်နိုင်ဖို့ အဓိက ချဉ်းကပ်ခဲ့ တာဟာ ကျောက်သားခံတပ်မြို့တော်အဖြစ်နာမည်ကြီးခဲ့တဲ့ ရေသွင်းရေနုတ် ကျုံးမြောင်းတွေနဲ့ ခံတပ်တွေကို ပြချင်လို့ ချဉ်းကပ်ခဲ့တာဖြစ်တယ်လို့လည်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးထွန်းသာစိန်က ပြောပါတယ်။

မြောက်ဦးရှေးဟောင်းဒေသကို ကမ္ဘ့ာရှေးဟောင်း အမွေအနှစ်စာရင်း ဝင်နိုင်ဖို့အတွက် ယူနက်စကိုက တာဝန်ရှိသူတွေက အခုနှစ် စက်တင်ဘာလအတွင်း လာရောက်စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013