DVB Logo
Home
Lead Story
ရုရှား-ယူကရိန်းပြဿနာ အခြေအနေဘယ်လိုဖြစ်နေပြီလဲ
DVB
·
February 17, 2022
ရုရှား-ယူကရိန်းပြဿနာ အခြေအနေဘယ်လိုဖြစ်နေပြီလဲ
Donate to DVB

နောက်ဆုံးသတင်းများအရကတော့ ဘယ်လာရုဇ်နဲ့ အရှေ့ဘက်ခြမ်းမှာလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုကပြီးဆုံးသွားလို့ တပ်တွေပြန်ရုပ်နေပြီလို့ ရုရှားဘက်က ကြေညာတယ်လို့ဆိုတယ်။

အမေရိကန်ဘက်ကတော့ တပ်တွေပြန်ရုပ်တဲ့ အထောက်အထားမတွေ့ရသေးဘူး စစ်ဖြစ်နိုင်ခြေက ဆက်ရှိနေတယ်လို့ဆိုနေတယ်။ စစ်ဖြစ်နိုင်ခြေ တကယ်ရှိတာလားဆိုတာက တကမ္ဘာလုံး စိတ်ဝင်စားနေတဲ့ပြဿနာပါ။

ဥရောပသမိုင်းကြောင်းကိုပြန်ကြည့်ရင် ဒီနေရာတွေက အလွန်ရှုပ်ထွေးခဲ့တဲ့နေရာတွေပါပဲ။ ရုရှားပြိုကွဲချိန် ခွဲထွက်သွားကြတဲ့ နိုင်ငံတွေအများစုဟာ ဒုတိယကမ္ဘာစစ်အပြီး ရုရှားအင်ပါယာ ဆိုဗီယက်ပြည်ထောင်စု (USSR) ထဲကို သွတ်သွင်းခံခဲ့ရတာပါ။ ဒီနိုင်ငံငယ်လေးတွေက ပရပ်ရှားအင်ပါယာ သြစတြို ဟန်ဂေးရီးယန်းအင်ပါယာတွေလက်အောက် ကျရောက်ခဲ့ဖူးကြတာပါ။

ပထမကမ္ဘာစစ်အပြီး အမေရိကန်သမ္မတဝီလ်ဆင်ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မူ ၁၄ ချက်အရ သီးခြားနိုင်ငံတွေ ဖြစ်လာကြတာ။ 

ခရိုင်မီးယားဒေသဆိုရင် ဇာတ်အရှုပ်ဆုံးပါ။ သူက ဘိုင်ဇင်တိုင်းအင်ပါယာအောက်မှာတောင် ရောက်ဖူးပါတယ်။ ၁၈ ရာစု လယ်လောက်ကစလို့ (မြန်မာသမိုင်းနဲ့ယှဥ်ရင် အလောင်းဘုရားလက်ထက်လောက်ကစလို့) ရုရှားလက်အောက် ရောက်ခဲ့တာဖြစ်တယ်။ နေတာကလည်း ရုရှားလူမျိုးအများစုပါ။ ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက်ယူနီယံဖွဲ့တော့ ခရိုင်းမီးယားကို ယူကရိန်းပိုင်နက်ထဲ ထည့်ပေးခဲ့တာ။ အဲဒီအချိန်က လူတန်းစားအရေးက လူမျိုးရေးထက် ရှေ့တန်းရောက်နေတဲ့ကာလဆိုတော့ အဲသလိုဖြစ်ခဲ့တာပါ။

၁၉၉၀ ပြည့်လွန် နှင်းဆီတော်လှန်ရေး လိမ္မော်ရောင်တော်လှန်ရေးတွေဖြစ်တော့ ရုရှားလိုလားတဲ့ သမ္မတ ယာနူကိုဗစ် ထွက်ပြေးရတယ် အဲဒီမှာဇာတ်လမ်းစတာပါပဲ။

အမေရိကန်သမ္မတ ကာတာရဲ့လက်ထက် လုံခြုံရေးအကြံပေးအရာရှိ ဇဘစ်နျုဘရာဇင်းစကီးဟာ ပထဝီနိုင်ငံရေးကျွမ်းကျင်သူပါ။ သူ့ရဲ့ ၁၉၉၇ ခုနှစ်ထုတ်တဲ့ The Grand Chessboard ဆိုတဲ့စာအုပ်မှာ ယူကရိန်းအရေးကြီးပုံကို အသေအခြာရေးခဲ့တာပါ။ သူပြောတာက ဥရောပရဲ့ဝင်ရိုးဟာ ပြင်သစ်၊ ဂျာမနီ၊ ပိုလန်နဲ့ ယူကရိန်း အတန်းလိုက်ရှိနေတဲ့ နယ်မြေကြီးပါပဲ။ ဒီနယ်မြေကြီးတခုလုံး ဒီမိုကရေစီဖြစ်လာရင် အဲဒီဝင်ရိုးအောက်ခြမ်းမှာရှိတဲ့ နိုင်ငံတွေအားလုံး လုံခြုံသွားပြီလို့ရေးခဲ့တယ်။ အဲဒီအချိန်က ပိုလန်မှာပြုပြင်ပြောင်းလဲရေးတွေ ဖြစ်နေပြီ။ ယူကရိန်းတခုပဲ ကျန်တယ်ဆိုတဲ့သဘော ပြောခဲ့ပါတယ်။

အမှန်က ရုရှားကလည်း အဲဒီနောက် ဆယ်စုနှစ်တခုကျော် အားပြန်မွေးနေရလို့ ငြိမ်နေခဲ့တာ။ ၂၀၁၄ မှာတော့ချောင်ပိတ်အရိုက်ခံရတဲ့ ခွေးလို အဖြစ်မခံနိုင်လို့ ခရိုင်မီးယားကို ဝင်သိမ်းတော့တာပါပဲ။ သမိုင်းကြောင်းအရပြောရင်လည်း သူပိုင်ခဲ့တာကိုး။ ဒီနေရာက အာဇော့ပင်လယ်မှာရှိတဲ့ ရုရှားသင်္ဘောတွေအားလုံးဟာ ခရိုင်မီးယားရေလက်ကြားကိုဖြတ်မှ ပင်လယ်နက်ကိုရောက်တာပါ။ အဲဒီကမှတဆင့် တူရကီကိုဖြတ်ပြီးမြေထဲပင်လယ်ကိုသွားရတာ။ အဲဒီတော့ ကရိုင်မီးယားဟာ ရုရှားအတွက်အလွန်အရေးကြီးတဲ့ နေရာပါပဲ။

ယူကရိန်းတနိုင်ငံလုံးအဖို့ပြောရင် အနောက်အုပ်စုနေတိုးအဖွဲ့ထဲကို ဝင်လိုက်မှ ရုရှားရဲ့အန္တရာယ် ပိုရှိနေတာပါ၊ ဒီအတိုင်းနေရင် ဘာမှမဖြစ်ဖူးဆိုတဲ့ သဘောရှိပါတယ်။ ဒီပြဿနာကြီးကို ဘယ်လိုဖြေရှင်းကြမလဲဆိုရာမှာ အကြောင်းကြောင်းကို ထောက်ထားဖို့လိုတာပါပဲ။ 

အမေရိကန်အဖို့ပြောရင် ဥရောပက မဟာဗျူဟာမဟာမိတ်ပါပဲ။ ဒါက ပထမကမ္ဘာစစ်မတိုင်ခင်ကတည်းကပါ။ ကမ္ဘာစစ်ကြီးနှစ်ခုလုံးက ဥရောပကစခဲ့တာဆိုတော့ ပေါ့လို့တော့မရတဲ့ ကိစ္စတွေပါပဲ။

တခုရှိတာက ပူတင်ဟာ ဟစ်တလာလိုမျိုး မဟုတ်သလို။ ဘိုင်ဒင်ကလည်း သမ္မတကနေဒီလို မာမာတင်းတင်း လုပ်မယ့်သူ မဟုတ်တာပါပဲ။ ဒီနေ့ခေတ်မှာ စီးပွားရေးက ထိပ်တန်းဦးစားပေးဖြစ်လို့ စစ်ဖြစ် နွံနစ်ပြီး တရုတ်ကြီး မြင့်တက်လာမှာကိုလည်းထည့် တွက်ပြီးသားတွေပဲ ဖြစ်ကြမှာပါ။ 

ဘယ်လိုပင်ဖြစ်စေပေါ့လေ၊ ကမ္ဘာ့အရေးဟာ ကမ္ဘာလုံးဆိုင်ရာအမြင်ရှိတဲ့ နိုင်ငံကြီးတွေကြား လိမ္မာပါးနပ်စွာဖြေရှင်းနိုင်မှုအပေါ်မှာ အဓိကမှီတည်နေတာပဲ ဖြစ်ကြောင်းပါခင်ဗျား။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013