DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်နှင့် မိုးဗြဲတွင် တိုက်ပွဲဖြစ်ပွား၊ ၊ ပြည်သူအချို့ ပိတ်မိနေ
DVB
·
February 17, 2022
လွိုင်ကော်နှင့် မိုးဗြဲတွင် တိုက်ပွဲဖြစ်ပွား၊ ၊ ပြည်သူအချို့ ပိတ်မိနေ
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ စစ်ကောင်စီတပ်တွေ ကင်းပုန်းဝပ်နေတဲ့နေရာကို  ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)က ဖေဖော်ဝါရီ ၁၆ ရက်နေ့ည ပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့လို စစ်ကောင်စီတပ်သား ၄ ယောက်  ကျဆုံးခဲ့ကြောင်း KDF က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ကင်းပုန်းစခန်းကို ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)၊ GZ-21 Loikaw PDF မဟာမိတ်ညီနောင်မြို့ပြ​ပြောက်ကျားအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ KDF ပြောခွင့်ရသူက ပြောပါတယ်။

“ဒီကင်းစခန်း ကင်းပုန်းဝပ်တာကိုတော့ ကျနော်တို့ စောင့်ကြည့်တာလည်း ကြာပြီပေါ့နော်။ အခုလက်ရှိက မိုးဗြဲမှာလည်းတိုက်ပွဲဖြစ်နေတတော့ မိုးဗြဲကိုကူတဲ့ သဘောအနေနဲ့ ကျနော်တို့ကနေပြီးတော့ မနေ့ည ၈ နာရီကစပြီးတော့ ဒီကင်းပုန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပေါ့။ ဒီဒေါဥခူ အနောက်ဖက်စပ်နားမှာပေါ့။ ကျနော်တို့က သူတို့နဲ့ အပြန်အလှန်ပစ်ခတ်တာ ပေ ၁၀၀ ဝန်းကျင်လောက်  ရှိတာပေါ့နော်။ သူတို့မထင်မှတ်တဲ့အချိန်မှာ ဝင်ပစ်တာ၊ ကျနော်တို့ မြင်တာကတော့ ၄ ယောက်လောက်ကျတယ်။ ဒါပေမဲ့ အဲဒီထက်လည်း များနိုင်တာပေါ့နော်။ ”

ကရင်နီ ပူးပေါင်းတပ်ဘက်က ရဲဘော်တွေကတော့  ထိခိုက်ကျဆုံးတာ မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ရှမ်း-ကယားနယ်စပ် မြိုးဗြဲမြို့မှာလည်း  ဖေဖော်ဝါရီလ ၁၅ ရက် မနက်ကစပြီး ဒီကနေ့ မနက်အထိ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေပြီး ပြည်သူတွေအိုးအိမ်ပျက်စီးတာ ရှိသလို တိုက်ပွဲတွင်း ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။

မိုးဗြဲမြို့မှာ ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က တင့်ကားတွေအပါအဝင်  အင်အားအလုံးအရင်းနဲ့ဝင်ရောက်နေရာယူပြီး သေနတ်ပစ်ဖောက်ကာ လူထုတွေကို ချိန်းခြောက်ခဲ့တဲ့အတွက် လွိုင်ကော် PDF၊ မိုးဗြဲ PDF၊ KA၊ ဒီးမော့ဆို PDF၊ KNDF၊ KGZ စတဲ့ ကရင်နီပူးပေါင်းတပ်တွေ ပူပေါင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာလို့ KNDF တပ်ရင်း ၃ က တာဝန်ရှိသူ  တယောက်က ပြောပါတယ်။

“သူတို့ မိုးဗြဲမှာ နေရာယူတာ ၂ ရက်ရှိပြီပေါ့နော်။ သူတို့က  ရမ်းသန်းပြီး တောင်ယာခင်းလုပ်နေတဲ့လူတွေကို လိုက်ဖမ်းပြီး ဓားစာခံတွေလုပ်ပြီးတော့ မိုးဗြဲမှာ ဖမ်းချင်တိုင်းဖမ်း၊ မွှေချင်တိုင်းမွှေ အဲလိုလုပ်တော့ ကျနော်တို့ KNDF ရယ်၊ PDF တွေရယ်၊ နောက် KGZ ညီအစ်အကို မဟာမိတ်တွေပေါ့နော် သူတို့ကို တနေ့ညကနေ သွားတိုက်တာ။ မနေ့ကလည်း မနက်ပိုင်းမှာတခေါက်ဖြစ်တယ်၊ နေ့လယ်တခေါက်နဲ့ ညနေပိုင်းမှာလည်း ဖြစ်တယ်။ ဒီရက် မနက် စောစော ကျတော့ တခေါက်ထပ်ဖြစ်တာပေါ့နော်။ သူတို့တပ်ဖြန့်ထားတဲ့ ၃ နေရာလောက်ကို ကျနော်တို့ ညီအစ်ကို မဟာမိတ်နဲ့ပူးပေါင်းပြီး သူတို့ကို တိုက်ထုတ်တာပေါ့နော်။”

ကရင်နီပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေကျူးကျော်ဝင်ရောက်လာတဲ့နေရာတွေကို တိုက်လိုက်လို့ တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီဘက်ကလည်း  လက်နက်ကြီးတွေ၊ တင့်ကားတွေ အသုံးပြုပြီး ပြည်သူလူထုရှိတဲ့နေရာတွေဆီ ပြန်လည် တိုက်ခိုက်နေတာလို့လည်း ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းမှာ စစ်ကော်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် မိုးဗြဲမြို့၊ စည်းကား(၃)ရပ်ကွက်ရှိ ပြည်သူ့ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ ပါတယ်။

အခုရက်ဆက်ဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့်လည်း ဒေသခံ ပြည်သူတချို့ကတော့ တိုက်ပွဲကြား ပိတ်မိနေတဲ့အနေအထား ရှိနေပါတယ်။

ဒီနေ့မနက်ပိုင်း မိုးဗြဲတိုက်ပွဲတွေ ဆက်လက်ဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ လှမ်း ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ခုရက်ပိုင်း ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း  သေဆုံးပြီး အများအပြား ထိခိုက်မှုရှိသလို ကရင်နီပူးပေါင်းတပ်ဘက်လည်း ထိခိုက်မှုတချို့ရှိတယ်လည်း KNDF တပ်ရင်း ၃ တာဝန်ရှိသူက ပြောပါတယ်။

ကရင်နီ (ကယား) ပြည်နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက အင်အားလုံးအရင်းနဲ့ ဝင်ရောက်လာနေပြီး တိုက်ပွဲတွေ ဆက်ဖြစ်ပွားနိုင်တဲ့အနေအထား ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်၊ လိုက်နာရန် ထုတ်ပြန်တဲ့စည်းကမ်းတွေကို လိုက်နာပေးဖို့လည်း မေတ္တာ ရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013