DVB Logo
Home
မြန်မာသတင်း
စစ်တွေရောက် မစ္စတာကင်တားနား ကန့်ကွက်ခံရ
DVB
·
February 14, 2014
စစ်တွေရောက် မစ္စတာကင်တားနား ကန့်ကွက်ခံရ
Donate to DVB

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့အတွက် ဒီကနေ့ ရခိုင်ပြည်နယ်စစ်တွေ မြို့ကိုသွားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားကို ဒေသခံတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

[caption id="attachment_51740" align="alignright" width="300"]စစ်တွေကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားကို ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံ - ထွန်းနိုင်) စစ်တွေကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားကို ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံ - ထွန်းနိုင်)[/caption]မစ္စတာ ကင်တားနား စစ်တွေလေဆိပ်ကို ရောက်ရှိချိန်ကစပြီး သွားရာလမ်းတလျှောက်မှာ ဆန္ဒပြခဲ့ကြတာလို့ ဆန္ဒပြပွဲ ဦးအောင်သူ ရခိုင်အမျိုးသမီးများကွန်ရက်အဖွဲ့ဝင် ဒေါ်ညိုအေးက ပြောပါတယ်။

“လေယာဉ်ကွင်းမှာ တကြိမ်၊ နောက်တကြိမ်က စစ်တွေထောင်ရှေ့မှာပါ။ စစ်တွေ ဟိုတယ်ရှေ့နဲ့ ရဲတပ်ရင်းရှေ့မှာ သူ့ကို ကျမတို့ မလိုအပ်ဘူးဆိုတဲ့ အကြောင်းကို ၅ နေရာခွဲပြီး ဆန္ဒပြခဲ့တာပါ။ သူ ကျမတို့ ရခိုင်ပြည်နယ် ကိစ္စနဲ့ ပတ်သက်ပြီး ဒီတခေါက်နဲ့ဆိုရင် ၉ ကြိမ်ရှိပြီ။ နောက်ပြီး သူဝင်လာတဲ့ အကြိမ်တိုင်း အကြိမ်တိုင်းမှာ ဘယ်နေရာသွားသွား သူက ဘင်္ဂါလီတွေပဲ ကြည့်တယ်ဆိုတော့ လူ့အခွင့်အရေး လှုပ်ရှားသူတယောက်အနေနဲ့ပေါ့နော်၊ သူရဲ့ ဘက်လိုက်မှုကို ကျမတို့ ကန့်ကွက်တယ်။ မလိုအပ်ဘူးပေါ့နော်။ ၈ ကြိမ်မြောက်ကတည်းက ကျမ သူ့ကို ပြောပြီးပြီ။”

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် လယ်ပိုင်းမှာ ရခိုင်ဒေသခံတွေနဲ့ မွတ်စလင်တွေအကြား အပြန်အလှန် သတ်ဖြတ်မီးရှို့မှုတွေဖြစ်ပြီး လူပေါင်း ၁ သိန်းကျော် ဒုက္ခသည်ဖြစ်ခဲ့ရပါတယ်။
ကုလသမဂ္ဂက ရခိုင်တွေနဲ့ အချင်းများနေတဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာတွေအဖြစ် ရည်ညွှန်းတာ၊ နိုင်ငံသားအဖြစ်ပေးဖို့ တိုက်တွန်းနေတာတွေအပေါ် ရခိုင်တိုင်းရင်းသားတွေက မကျေမနပ်ဖြစ်နေကြပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ ဒီကနေ့ စစ်တွေထောင်နဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့သလို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (အာအန်ဒီပီ) က ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ကင်တားနားနဲ့ တွေ့ဆုံမှုအတွက် ဆွေးနွေးပြောဆိုချက်တချို့နဲ့ပတ်သက်ပြီး အာအန်ဒီပီ ဗဟိုကော်မတီဝင် ဦးခင်မောင်ကြီးက အခုလို ပြောပါတယ်။
“ကျနော်တို့ ဖွဲ့စည်းပုံပြင်ဆင်ရေးအပိုင်းရယ်၊ လက်ရှိ ပဋိပက္ခဖြစ်နေတဲ့အပိုင်း တွေအပေါ်မှာ သူတို့ ချဉ်းကပ်တာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ပထမပိုင်း ချဉ်းကပ်မှုတွေဟာ မှားယွင်းနေခဲ့တယ်ဆိုတဲ့ အပိုင်းတွေကို ထောက်ပြတာပေါ့။ ထောက်ပြတဲ့အချက်တွေက ကျနော်တို့ ပြောတာက ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေက တဖြည်းဖြည်း လူနည်းစုဖြစ်သွားပြီးတော့ ဘယ်နိုင်ငံတကာအဖွဲ့အစည်းရဲ့ ထောက်ထားညှာတာမှုမှ နှစ်ပေါင်းများစွာ မရခဲ့ဘူးဗျာ။ အဲဒီအချိန်က အုပ်ချုပ်တဲ့ အစိုးရရဲ့ တကယ့် စောင့်ရှောက်မှုလည်း မခံခဲ့ရဘူး။ အဲဒီမှာ ကျနော်တို့ အခွင့်အရေးတွေ များကြီးဆုံးရှုံးခဲ့ရတယ်။ အဲဒါတွေကို ကျနော်တို့က ထောက်ပြတယ်။”

မစ္စတာကင်တားနားဟာ သူမြန်မာနိုင်ငံကို မရောက်လာခင် ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကို တိုးတက်အောင် မြန်မာအစိုးရက လုပ်ဆောင်ပေးထား ချက်တွေကို မြင်တွေ့ရဖို့ မျှော်လင့်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့ ထုတ်ပြန်တဲ့ ကြေညာ ချက်ထဲမှာ ပြောထားပါတယ်။

မစ္စကင်တားနားဟာ ရခိုင်ပြည်နယ် ခရီးစဉ်ပြီးရင်တော့ ကချင်၊ ကရင်နဲ့ စကိုင်းတိုင်း လက်ပံတောင်းဒေသကို သွားရောက်ဖို့ရှိနေသလို အစိုးရတာဝန်ရှိသူတွေ ပါလီမန် နဲ့ တရားရေး၊ ဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၃ နာရီမှာတော့ ရန်ကုန်လေဆိပ်မှာ သတင်းစာရှင်းလင်ပွဲလုပ်ပြီး ပြန်ထွက်ခွာမှာဖြစ်ပါတယ်။
မစ္စကင်တားနားဟာ မြန်မာနိုင်ငံကိုလာတာ ဒါ န၀မ အကြိမ်မြောက်ပြီးပြီး သူ့ရဲ့မြင်တွေ့ ချက်တွေအပေါ် အစီရင်ခံစာ ရေးသားပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို မတ်လမှာ ထုတ်တင်ပြသွားမယ်လို့ ကင်တားနားက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013