DVB Logo
Home
မြန်မာသတင်း
ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင် ကွယ်လွန်
DVB
·
February 16, 2022
ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင် ကွယ်လွန်
1 / 3
Donate to DVB

ကိုးကန့်တပ်ဖွဲ့လို့ လူသိများတဲ့ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) အဖွဲ့ရဲ ခေါင်းဆောင် ဖုန်ကြားရှင်ဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၆ ရက် မနက် ၅ နာရီ မိနစ် ၄၀ လောက်မှာ ကွယ်လွန်သွားတယ်လို့ ကိုးကန့်သတင်းမှာ ဖော်ပြပါတယ်။

တရုတ်သတင်းတွေမှာတော့ သူ ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ်အရွယ်ရှိပြီလို့ ဖော်ပြထားကြပြီး မိုင်းလားမှာပဲ ကွယ်လွန်သွားတာလို့ ကြားသိရကြောင်း SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန်ကလည်း ဒီဗွီဘီကို ပြောပါတယ်။ 

သူ ကွယ်လွန်သွားတဲ့အပေါ် UWSA ကလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဖုန်ကြားရှင်ဟာ ၁၉၃၁ ခုနှစ်မှာ တရုတ်-မြန်မာနယ်စပ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး ကိုးကန့်တိုင်းရင်းသားတွေကြားမှာ သြဇာကြီးမားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

မဆလအစိုးရလက်ထက်တုန်းက ဖုန်ကြားရှင်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) နဲ့ ပူးပေါင်းကာ ပီကင်းအထိ ပညာသွားရောက်သင်ကြားခွင့်ရခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဘိန်းရာဇာတစ်ဦးအဖြစ် နာမည်ကျော်ကြားခဲ့သူလည်း ဖြစ်သလို မဆလ အစိုးရကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေဖြစ်တဲ့ ကွမ်းလုံ ရက် ၄၀ တိုက်ပွဲမှာ ကိုးကန့်သားတွေ ဖြစ်တဲ့ ဖုန်ကြားဖူး၊ လော်စစ်ဟန် တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဗကပ အပြိုအကွဲဖြစ်ချိန်မှာ စစ်အစိုးရလက်ထက် စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ခင်ညွန့်ကာ သွားရောက် ညှိနှိုင်းတွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။ အဲဒီနောက် စစ်အစိုးနဲ့ ပူးပေါင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အဖြစ် MNDAA ကို စတင်ထူထောင်ကာ ဗကပကို ပုန်ကန်ခဲ့ပါတယ်။ ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်တဲ့ စစ်ထောက်လှမ်းရေးတပ်ဖွဲ့တွေဟာ ကိုးကန့် စီးပွားရေးသမားတွေနဲ့ တရင်းတနှီးရှိခဲ့ကြပြီး ပြည်တွင်းမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်လည်း ရရှိခဲ့ကြပါတယ်။

၂၀၀၉ ခုနှစ်မှာ စစ်အစိုးရက ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲစေခဲ့တာကို လက်မခံခဲ့တဲ့အတွက် စစ်အစိုးရက ဖုန်ကြားရှင် ဦးဆောင်တဲ့ MNDAA ကို မူးယစ်ဆေးဝါး နှိမ်နင်းရေး အကြောင်းပြချက်နဲ့ ဖျက်သိမ်းကာ စတင်ရှင်းလင်း တိုက်ခိုက်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ MNDAAဟာ ရက္ခိုင့်တပ်တော် (AA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တို့အတူ ပူးပေါင်းကာ မဟာမိတ်ညွန့်ပေါင်းတပ်ဖွဲ့အဖြစ် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013