DVB Logo
Home
မြန်မာသတင်း
သာမဏေကျော် ပထမအဆင့် အောင်မြင်သူမှသည် တော်လှန်ရေး တပ်သားဆီသို့ (အပိုင်း - ၂)​
DVB
·
February 16, 2022
သာမဏေကျော် ပထမအဆင့် အောင်မြင်သူမှသည် တော်လှန်ရေး တပ်သားဆီသို့ (အပိုင်း - ၂)​
1 / 17
Donate to DVB

“ဘာစိတ်ဓာတ်လဲ သံမဏိစိတ်ဓာတ်၊ ဘာလုပ်ဖို့လဲ တိုက်ပွဲဝင်ဖို့” အစရှိတဲ့ အသံတွေဟာ တောတွင်းတစ်နေရာရှိ တော်လှန်ရေး တပ်စခန်းတစ်ခုလုံး ပျံ့နှံ့နေပါတယ်။

ပျံ့နှံ့နေတဲ့အသံတွေ အကြမ်းဖက် စစ်ကောင်စီအား လက်နက်ကိုင်ကာ ခုခံတွန်းလှန်စစ်ဆင်နွှဲနေတဲ့ တော်လှန်ရေး ရဲဘော်တွေ လေ့ကျင်ခန်းလုပ်ရင်း ရွတ်ဆိုနေတဲ့ အသံတွေ ဖြစ်ပါတယ်။

အဆိုပါ တော်လှန်ရေး ရဲဘော်များထဲမှာ ရဲဘော် ဖီးနစ်လည်း တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။

လက်နက်ကိုင် တော်လှန်ရေးလို ခက်ခဲကြမ်းတမ်းတဲ့ဘဝကို လာရောက်မယ့် တော်လှန်ရေး ရဲဘော်တွေဟာ သူတို့ရဲ့ ပုံမှန်ဘဝဝွေကို စွန့်လွှတ်ခဲ့ရတာပါ။

ရဲဘော် ဖီးနစ်ရဲ့ စွန့်လွှတ်မှုဝွေဟာ တခြား တော်လှန်ရေး ရဲဘော်တွေနဲ့ မတူခြားနားနေပါတယ်။ 

အကြမ်းဖက် စစ်ကောင်စီ အာဏာမသိမ်းမီက ရဲဘော်ဖီးနစ်ဟာ ရှင်စာရိတ္တ အမည်နဲ့ ၁၄ ဝါရှိ ကိုရင် တစ်ပါး ဖြစ်ပါတယ်။

ရဲဘော် ဖီးနစ် တဖြစ်လဲ ရှင်စာရိတ္တဟာ ကိုရင်ဘဝက သာမဏေကျော် ပထမ အဆင့် အောင်မြင်ပြီး ဒုတိယ အဆင့် ရောက်ရှိနေတဲ့ ကိုရင် တစ်ပါးပါ။

၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်ကောင်စီ အာဏာစသိမ်းတဲ့ အချိန်မှာ ရှင်စာရိတ္တဟာလည်း အများပြည်သူ နည်းတူ ကိုရင်ဘဝနဲ့ စစ်ကောင်စီအား ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လူမဆန်စွာ အကြမ်းဖက် သတ်ဖြတ်မှုတွေကို လက်နက်ကိုင်တဲ့ နည်းနဲ့သာ, တော်လှန်နိုင်မယ်ဆိုတဲ့ ခံယူချက်နဲ့ လူထု လူတန်းစားပေါင်းစုံဟာ လက်နက်ကိုင် တော်လှန်ရေးထဲ ပါဝင်လာခဲ့ကြတဲ့ထဲမှာ ရဲဘော် ဖီးနစ် တဖြစ်လဲ ရှင်စာရိတ္တလည်း နောက်ကျ မကျန်ခဲ့ပါ။

လက်နက်ကိုင်တော်လှန်ရေး ထဲထဲဝင်ဝင် လုပ်ကိုင်လိုတဲ့အတွက်ကြောင့် အသက် (၉) နှစ်အရွယ်က စတင်ဝင်ရောက်ခဲ့တဲ့ ကိုရင်ဘဝကို စွန့်လွှတ်ခဲ့သူလည်း ဖြစ်ပါတယ်။

သာမန်လူထက် ကိုရင်ဘဝကနေ လာခဲ့ရတာကြောင့် လက်နက်ကိုင် တော်လှန်ရေးက အလွန်ခက်ခဲတယ်လို့ ရဲဘော် ဖီးနစ်က ပြောပါတယ်။ ဒါပေမဲ့ တော်လှန်ရေးက အလုံးစုံ အောင်မြင်မယ်လို့ ယုံကြည်ကြောင်း ရဲဘော် ဖီးနစ်က ပြောပါတယ်။

ရဲဘော် ဖီးနစ်လို  နယ်ပယ်မျိုးစုံကနေ ပြည်သူ့ကာကွယ်ရေးတပ်ဆီ ၀င်ရောက်လာတဲ့ လူငယ်တွေ အမြောက်အမြား ရှိနေတာပါ။

Photo - Kaung Zaw Hein / MPA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013