DVB Logo
Home
မြန်မာသတင်း
Kirin ဂျပန်ဘီယာ မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်
DVB
·
February 15, 2022
Kirin ဂျပန်ဘီယာ မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်
Donate to DVB

ဂျပန်အခြေစိုက် အဖျော်ယမကာလုပ်ငန်းကြီးဖြစ်တဲ့ Kirin လုပ်ငန်းစုက မြန်မာစစ်တပ်ပိုင်ကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေတဲ့ သူပိုင်လုပ်ငန်းကို မြန်မာနိုင်ငံမှ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်တယ်လို့ ဂျပန်တူဒေးသတင်းစာမှာ ဖေဖော်ဝါရီ ၁၅ ရက်  ဒီကနေ့ ရေးသားထားပါတယ်။

Kirin လုပ်ငန်းစုကြီး၏ ပိုင်ရှင် San Miguel က ကျနော်တို့ ဘုတ်အဖွဲ့ကနေ ဒီဆုံးဖြတ်ချက်ကို ချလိုက်တာပါ။ ဒါကတော့ စစ်တပ်ပိုင်လုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ မိတ်ဖက်ဆောင်ရွက်နေတဲ့ ကျနော်တို့ရဲ့ လုပ်ငန်းကို ဆုံးခန်းတိုင် အပြီးသတ်လိုက်ပါပြီ။ ပြီးတော့ Kirin က အလိုရှိတဲ့ စီးပွားရေးဆိုင်ရာစွန့်စားရမှု လမ်းကြောင်းအတိုင်း ခက်ခက်ခဲခဲနဲ့ အလျင်အမြန် အဆုံးသတ်လိုက်ပါတယ် လို့ ဆိုပါတယ်။

ဂျပန်အခြေစိုက် အဖျော်ယမကာ Kirin လုပ်ငန်းစုကြီးက လွန်ခဲ့တဲ့ တနှစ်ကတည်းက မြန်မာနိုင်ငံနဲ့စပ်လျဉ်းပြီး ကြေညာချက်ထုတ်ပြန်ခဲ့တာ ရှိပါတယ်။ ဒါကတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်က သူကိုယ်တိုင် လူ့အခွင့်အရေးနဲ့ လူမှုအသင်းအဖွဲ့ စံသတ်မှတ်တွေကို ချိုးဖောက်လာတာကြောင့် မနှစ်မြို့တဲ့အကြောင်း Kirin က ရေးသားထားတာပါ။

အခုဆိုရင် Kirin က သူပိုင်ဆိုင်တဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရောင်းချဖို့ ပြင်ဆင်လိုက်ပြီ ဖြစ်ပေမယ့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ဆီကိုရောင်းတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီ့အတွက် ဂျပန်အခြေစိုက် Kirin ကုမ္ပဏီက လာမယ့် ဇွန်လမှာ သူပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို အပြီးသတ် ရောင်းချနိုင်မယ်လို့ မျှော်လင့်ထားပြီး ဘယ်သူကို ရောင်းချမယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိသေးပါဘူး။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက Kirin ကုမ္ပဏီအနေနဲ့ တာဝန်ရှိစွာ နုတ်ထွက်ပေးဖို့ ဒါ့အပြင် စစ်အုပ်ချုပ်ရေးနဲ့ စစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အား ငွေပေးချေမှု မလုပ်ဖို့ တိုက်တွန်းထားပါတယ်။

စစ်တပ်ပိုင် မြန်မာဘရူဝါရီ အဖျော်ယမကာကုမ္ပဏီက ထုတ်လုပ်တဲ့ အဖျော်ယမကာပစ္စည်းတွေကိုလည်း မြန်မာလူထုက သပိတ်မှောက်ကြဖို့ တောင်းဆိုတိုက်တွန်းထားပါတယ်။

မြန်မာဘရူဝါရီလီမိတက်ဟာ ပြည်တွင်းအဖျော်ယမကာစျေးကွက်မှာ အမည်ရနေတဲ့ လုပ်ငန်းတခုဖြစ်ပြီး ဒီလုပ်ငန်းကနေ မြန်မာဘီယာ၊ Myanmar Premium ဘီယာ၊ Kirin Ichiban ဘီယာ၊ Myanmar Lager ဘီယာ၊ Andaman Gold ဘီယာ၊ Black Shield Stout ဘီယာ စတဲ့ အမှတ်တံဆိပ်တွေ ထုတ်လုပ်ရောင်းချနေတာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမ လေးလပတ်အတွင်း မြန်မာဘရူဝါရီလီမိတက်ရဲ့ ရောင်းအား ၄၆ ရာခိုင်နှုန်း ကျဆင်းခဲ့တာကြောင့် ဝင်ငွေအနေနဲ့ ၂၀၂၀ ပြည့်နှစ် ပထမ လေးလပတ်နဲ့ နှိုင်းယှဉ်ပါက မြန်မာကျပ်ငွေ ၆၆ ဘီလီယံလောက် လျော့ကျခဲ့တယ်လို့ ဂျပန်အဖျော်ယမကာကုမ္ပဏီ Kirin က ၂၀၂၁ ဘဏ္ဍာနှစ်အတွက်ထုတ်ပြန်တဲ့ တတိယ သုံးလပတ်အစီရင်ခံစာအရ သိရပါတယ်။

မြန်မာဘရူဝါရီလီမိတက် (Myanmar Brewery Limited) ကို ၁၉၉၅ ခုနှစ် မတ်လမှာ အကျိုးတူဖက်စပ်လုပ်ငန်းအနေနဲ့ တည်ထောင်ခဲ့တာဖြစ်ပြီး စတင်တည်ထောင်ချိန်က အမေရိကန်ဒေါ်လာ ၆၀ သန်း ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ရှယ်ယာပိုင်ရှင်မှုကတော့ ဂျပန်အဖျော်ယမကာကုမ္ပဏီဖြစ်တဲ့ Kirin က ၅၁ ရာခိုင်နှုန်းနဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီလီမိတက်က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။

PHOTO- Kirin Ichiban Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013