DVB Logo
Home
မြန်မာသတင်း
ရာဘာအရည်သွေးမြင့်ရေး ဂျပန် ကူညီမည်
DVB
·
February 14, 2014
ရာဘာအရည်သွေးမြင့်ရေး ဂျပန် ကူညီမည်
Donate to DVB

ဂျပန်နိုင်ငံ ရာဘာကုန်သည်အသင်းနဲ့ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက မြန်မာ့ရာဘာ အရည်အသွေးအဆင့်အတန်း မြှင့်တင်ဖို့အတွက် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးမယ့်အပြင် နိုင်ငံတကာအဆင့်မီတဲ့ ဓာတ်ခွဲခန်း တည်ဆောက်ရေးအတွက်လည်း အကူအညီပေးမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက ပြောပါတယ်။

မြန်မာ့ရာဘာက နိုင်ငံတကာဈေးကွက်ထဲ ၀င်ရောက်ဖို့အတွက် အရည်အသွေး အားနည်းချက်တွေ ရှိနေလို့ တရုတ်နိုင်ငံပို့ အများဆုံးတင်ပို့နေတာပါ။

Rubber 3 copyဒီ့အပြင် အရည်အသွေးပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် ဈေးနှုန်းအရ လည်း ဈေးနှိမ်ခံနေရတာနဲ့ တွေ့ကြုံနေရ တယ်လို့ မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

မြန်မာ့ရာဘာအရည်အသွေး မြင့်အောာင် မထုတ်လုပ်နိုင်တာဟာ ခြံရှင်တွေရဲ့ နည်းပညာ အားနည်းလို့ အဆင့်နိမ့်တဲ့ ရာဘာအစေးပြားတွေသာ ထုတ်လုပ်နေရပြီး တရုတ်ဈေးကွက်ကိုသာ အများဆုံးတင်ပို့နေတဲ့အကြောင်း ကျိုက်ထိုမြို့က ရာဘာခြံပိုင်ရှင် ဦးနေမျိုးမြင့်က ပြောပါတယ်။

အခုအခါ မြန်မာ့ရာဘာအရည်အသွေးမြှင့်ဖို့အတွက် ဂျပန်နိုင်ငံက နည်းပညာထောက်ပံ့ဖို့ ဆောင်ရွက်နေပါတယ်။

ဂျပန်အစိုးရရဲ့ လမ်းညွှန်ချက်အရ ဂျပန်စီးပွားကူးသန်းဝန်ကြီးဌာနက ဦးဆောင်ပြီး ဂျပန်နိုင်ငံ ရာဘာကုန်သည်အသင်းနဲ့ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့က လိုအပ်တဲ့ နည်းပညာတွေကို ပံ့ပိုးပေးသွားမှာလို့ အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာဈေးကွက်ကို တင်ပို့တဲ့အခါ လိုအပ်တဲ့အထောက်အထားတွေ ထုတ်ပေးနိုင်ဖို့အတွက် နိုင်ငံတကာအဆင့်မီ သီးခြားလွတ်လပ်တဲ့ဓာတ်ခွဲခန်းတခုကို တည်ဆောက်နိုင်ဖို့အတွက်လည်း ပံ့ပိုးပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာ့ရာဘာတွေကို ပြည်ပဈေးကွက်အနေနဲ့ ပြည်တွင်းထွက်ရှိမှုရဲ့ ၇၀ ရာခိုင်နှုန်းက တရုတ်နိုင်ငံကို အများဆုံးတင်ပို့နေပြီး ၃၀ ရာခိုင်နှုန်းက စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတွေကို တင်ပို့နေတာပါ။

မှိုင်းခံပြား (Ribbed Smoked Sheets -RSS-3 ) အဆင့်ရှိတဲ့ ရာဘာ ၁ တန်ကို အမေရိကန်ကန် ဒေါ်လာ ၂ ထောင်လောက် လက်ရှိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ ရာဘာအဓိက စိုက်ပျိုးထုတ်လုပ်တာဖြစ်ပြီး ပြည်တွင်းမှာ ရာဘာစိုက်ပျိုးထားရှိတဲ့ဧကက လက်ရှိမှာဆိုရင် ၁၄ သိန်း၃ သောင်းကျော် ရှိပါတယ်။

ဒီထဲကမှ အစေးထုတ်ယူနိုင်တဲ့ ဧကက ၅ သိန်း၂ သောင်းကျော်ရှိပြီး အစေးထွက်ရှိမှု ပမာဏက တန်ချိန် ၁ သိန်းခွဲကျော် ရှိပါတယ်။

အသံဖိုင် နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013