DVB Logo
Home
မြန်မာသတင်း
ရွှေရောင်း/၀ယ်ဈေးကွက် နိုင်ငံတကာချိန်တွယ်မှုစနစ် ပြောင်းရန် မလွယ်
DVB
·
February 14, 2014
ရွှေရောင်း/၀ယ်ဈေးကွက် နိုင်ငံတကာချိန်တွယ်မှုစနစ် ပြောင်းရန် မလွယ်
Donate to DVB

မြန်မာ့ရွှေဈေးအရောင်းအ၀ယ်ကို နိုင်ငံတကာ ချိန်တွယ်မှုပုံစံအတိုင်း ပြောင်းလဲဖို့ မလွယ်ဘူးလို့ ရန်ကုန်မြို့ ရွှေကုန်သည်တွေက ပြောပါတယ်။

gold4မြန်မာနိုင်ငံမှာ ရှိတဲ့ ရွှေလုပ်ငန်းရှင်အသင်းတွေ ကနေ မြန်မာ့ရွှေဈေးအရောင်း အ၀ယ်ကို နိုင်ငံတကာ ချိန်တွယ်မှုပုံစံအတိုင်း ပြောင်းလဲပစ်ဖို့ လုပ်နေပေမယ့် ရန်ကုန်မြို့ ရွှေအရောင်းအ၀ယ် လုပ်ငန်းရှင်တွေက မြန်မာ့ချိန်တွယ်မှု ဟာ ရှေ့ရိုးစွဲ အသားကျနေပြီဖြစ်တဲ့ အတွက် ပြောင်းလဲပစ်ဖို့ မလွယ်ဘူးလို့ ပြောပါတယ်။

နိုင်ငံတကာမှာ သုံးတဲ့ချိန်တွယ်မှုအတိုင်း မြန်မာနိုင်ငံရဲ့ ရွှေဈေးကွက်တခုလုံး ချက်ချင်း ဂရမ်စနစ် ပြောင်းလဲပစ်ဖို့ မလွယ်ဘူးလို့ ရန်ကုန်မြို့ရွှေဘုံသာလမ်းရွှေဈေးကွက်မှ ဦးမျိုးဦးက ပြောပါတယ်။

မြန်မာ့ရွှေဈေးကွက် ချိန်တွယ်မှုဂရမ်စနစ်ကို ပြောင်းလဲမယ်ဆိုရင် အတုံးလိုက် အရောင်းအ၀ယ်တွေကိုသာ ပြောင်းလဲပစ်လို့ ရနိုင်တယ်လို့ ရန်ကုန်မြို့ ရွှေဆိုင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရွှေကို ကျပ်သား၊ ရွေး စတဲ့အချိန်အတွယ်နဲ့ ရောင်းဝယ်နေရာက ချိန်တွယ်တဲ့စနစ်ကို ပြောင်းလဲဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ရွှေဆိုင်တွေ အားလုံး ဂရမ်၊ အောင်စစနစ်တွေနဲ့ ချိန်တွယ် ရောင်းချနိုင်ဖို့ ညှိနှိုင်းနေတဲ့ အဆင့်ရှိနေပြီလို့ ရန်ကုန်မြို့ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောပါတယ်။

မနေ့ကတော့ ကုန်သည်ကြီးများဟိုတယ်မှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပူးပေါင်း ဖွဲ့စည်းထားတဲ့ ရွှေ အများပိုင်ကုမ္ပဏီတခုဟာ ၉၉ ဒဿမ ၉၉ ရာခိုင်နှုန်း သန့်စင်ပြီးသား မြန်မာအချိန် ၂ ပဲ ၄ ရွေးနဲ့ ညီမျှတဲ့ ရွှေပြားတွေကို ဂရမ်စနစ် ချိန်တွယ်မှုတွေနဲ့ စတင်အသုံပြုပြီး ရောင်းချခဲ့ပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013