DVB Logo
Home
မြန်မာသတင်း
တပ်သိမ်းမြေပေါ်တွင် အဆောက်အဦများ တိုးချဲ့ဆောက်
DVB
·
February 14, 2014
တပ်သိမ်းမြေပေါ်တွင် အဆောက်အဦများ တိုးချဲ့ဆောက်
Donate to DVB

ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှာ ကုတင် ၇၀၀ ဆံ့ စစ်ဆေးရုံအတွက် သိမ်းဆည်းထားတဲ့ မြေယာတွေ အနက်က ပြန်လည်ပေးအပ်ဖို့ ရှိနေတဲ့ အဆောက်အဦမရှိသေးတဲ့ မြေယာတွေပေါ်မှာ အဆောက်အဦတွေ တိုးချဲ့ဆောက်လုပ်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

unnamedတပ်မတော်က သိမ်းဆည်းထားပြီး အဆောက်အအုံ ဆောက်လုပ်ထားခြင်း မရှိတဲ့ မြေတွေကို ပြန်ပေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အောင်ပန်းမြို့ကို လာရောက်စဉ်က ညွန်ကြားထားပေမယ့် ဒီမြေယာတွေထဲမှာ အခု အဆောက် အဦတွေ တိုးချဲ့ဆောက်လုပ်လာ တယ်လို့ အောင်ပန်းမြို့ခံတွေ က ပြောပါတယ်။

တပ်မတော်က မြေဧက ၂၀ နီးပါး သိမ်းဆည်းထားတာဖြစ်ပြီး အဲဒီမြေနေရာတွေမှာ အဆောက်အဦတွေ ဆောက်လုပ်နေတယ်လို့ အောင်ပန်းမြို့ခံ ဒေါ်ချိုမြိန်ဦးက ပြောပါတယ်။

“၂၈ ရက် ၈ လပိုင်း ၂၀၁၃ ခုနှစ်က သူတို့ မြေလွတ်တဲ့နေရာမှာ ဖောင်ဒေးရှင်းချလိုက်တယ်။ ပေ ၈၀ ပတ်လည် အဆောက်အဦ ၃ လုံး၊ ပေ ၁၀၀ ပတ်လည်က အဆောက်အဦ ၄ လုံးချတယ်။ ပေ ၁၀၀ ပတ်လည် တဖက်ပိတ်က ၄ လုံးလောက်ဆောက်တယ်။ ၁၁ လပိုင်း ၆ ရက်နေ့မှာ ဒု-သမ္မတ လာမယ်ဆိုပြီး ဆောက်လက်စ အဆောက်အဦးတွေကို ဘက်ဖိုးတွေနဲ့ ညတွင်းချင်း ထိုးဖြိုတယ်။ ကာလပေါက်ဈေး သိန်း ၁၀၀၀ ဖိုးလောက်ရှိတယ်။ ဒုသမ္မတ လာပြီးတော့နောက်ပိုင်း ၂၀ ရက်နေ့မှာ ဖောင်ဒေးရှင်းပြန်ချပြီး ပေ ၈၀ ပတ်လက် အဆောက်အဦတွေ ပြန်ဆောက်တယ်။ မြေလွတ်တဲ့နေရာတိုင်းမှာ အခုလက်ရှိ ဆောက်နေတယ်။ ပြန်ပေးရမယ်ဆိုတာ သိနေတော့ ကုတင် ၇၀၀ ဆံ့ထက် မလိုအပ်ဘဲ ပိုဆောက်နေတယ်။”

အောင်ပန်း-တောင်ကြီး ကားလမ်းမဘေး တဖက်တချက်မှာ ရှိတဲ့ ဧကပေါင်း ထောင်ချီတဲ့ သစ်တောခြံ၊ ဂေါ်ရခါးသီးခြံနဲ့ စိုက်ပျိုးမြေတွေကို အမှတ် ၃ ပညာရေးကျောင်းနဲ့ ကုတင် ၇၀၀ ဆံ့ စစ်ဆေးရုံ တည်ဆောက်ဖို့အတွက် လွန်ခဲ့တဲ့ ၁၀ ကျော်က သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီလို အဆောက်အဦတွေ တိုးချဲ့ဆောက်လုပ်တာဟာ မဖြစ်သင့်သလို မြို့ဧရိယာကို ချဲ့ထွင်ဖို့ မြေနေရာဟာ အဲဒီနေရာပဲ ရှိတယ်လို့ အောင်ပန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ် ကိုလင်းမောင်မောင်က ပြောပါတယ်။

တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ပေမယ့် အဆောက်အဦ မဆောက်လုပ်တဲ့ လစ်လပ် ကျန်ရစ်တဲ့ မြေတွေကို စစ်တပ်က အရာရှိတွေနဲ့ နီးစပ်သူတွေထံက အခကြေးငွေကောက်ယူကာ မြေယာတွေပေါ်မှာ စိုက်ပျိုး လုပ်ကိုင်စေခဲ့ပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013