DVB Logo
Home
မြန်မာသတင်း
လယ်သိမ်းခံ သပိတ်စခန်း ဖြိုခွင်းခံရမှုကြောင့် ၃ ဦး ဒဏ်ရာရ
DVB
·
February 14, 2014
လယ်သိမ်းခံ သပိတ်စခန်း ဖြိုခွင်းခံရမှုကြောင့် ၃ ဦး ဒဏ်ရာရ
Donate to DVB

ပဲခူးတိုင်း သဲကုန်းမြို့ အောင်ကုန်းကျေးရွာ လယ်သိမ်းခံ လယ်သမားတွေရဲ့ သပိတ်စခန်းကို ဒီနေ့ မနက်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ကတည်းက သဲကုန်းမြို့လယ်ရှိ စစ်ပြန်စစ်မှုထမ်းဟောင်းရုံး ဘေးမှာရှိတဲ့ မြေကွက်လပ်ပေါ်မှာ လယ်မြေတွေ အသိမ်းခံခဲ့ရတဲ့ အောင်ကုန်းကျေးရွာက လယ်သမား ၁၀၀ ကျော် သပိတ်စခန်းဖွင့် ဆန္ဒပြနေတာကို အကြမ်းဖက် ဖြိုခွင်းခံခဲ့ရတာပါ။

[caption id="attachment_51723" align="alignright" width="300"] ဖေဖော်ဝါရီလ ၁၂ ရက်နေ့က လယ်မြေအသိမ်းခံရမှုကြောင့် အောင်ကုန်းရွာ လယ်သမားတွေ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေတာကို အာဏာပိုင်တွေက လာရောက် တားဆီးနေစဉ် လယ်မြေအသိမ်းခံရမှုကြောင့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အောင်ကုန်းရွာ လယ်သမားတွေ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေတာကို အာဏာပိုင်တွေက လာရောက် တားဆီးနေစဉ်[/caption]ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၇ နာရီကျော်မှာ လယ်သမား ၁၀၀ ကျော်ကို ရဲအင်အား ၆၀ ကျော် အပါအ၀င် လူအင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်ရိုက်နှက်ခဲ့တာကြောင့် လယ်သမား ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦး ဒဏ်ရာပြင်းထန်တာကြောင့် သဲကုန်းဆေးရုံမှာ ပို့ဆောင်ကုသမှု ခံယူနေရပါတယ်။

သပိတ်စခန်း ဖြိုခွင်းခံရတာနဲ့ ပတ်သက်ပြီး လယ်သမားအရေးဆောင်ရွက်ပေးနေတဲ့ ဦးသန့်ဇင်ထက်က “ခရိုင်ရဲတပ်မှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအ၀င် ရဲအင်အား ၆၀ ကျော်လောက်နဲ့ ၀င်ပြီးတော့ သပိတ်စခန်းကို ဖြိုခွဲတယ်။ အဲဒီမှာ အမျိုးသမီး ၂ ယောက် အခု လက်ရှိမှာ ဆေးရုံတက်နေရတယ်။ ထိခိုက်ဒဏ်ရာရတာ ၃ ယောက် ခင်ဗျ။ တယောက်က မျက်နှာတွေမှာ ဒဏ်ရာရတယ်။ နောက်တယောက်ကတော့ ရဲတယောက်က ခဲနဲ့ပေါက်တာ ခံရတယ်။ နောက်တယောက်က အင်္ကျီတွေအကုန်ကျွတ်ကျပြီး အရူးတပိုင်း ပုံစံမျိုး ဖြစ်သွားတယ်။ အခု သဲကုန်းဆေးရုံမှာ ဆေးရုံတက်နေတယ်။ ရဲအင်အား ၆၀ ကျော် ၇၀ လောက်နဲ့ လယ်သမားတွေကို ကားပေါ်ဆွဲတင်ပြီး အောင်ကုန်းကျေးရွာကို အတင်းတင်ပြီး ပို့ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

သပိတ်စခန်း ဖြိုခွင်းခံရတာနဲ့ ပတ်သက်ပြီး ပြည်ခရိုင် ရဲတပ်ဖွဲ့ ဦးစီးမှူးရုံးကို မေးမြန်းရာမှာ တာဝန်ရှိသူတဦးက သီတဂူဆရာတော် ဦးဥာဏိဿရ တရားပွဲရှိလို့ သွားတားတာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ကျနော်တို့ကတော့ ဒေသခံအများစုရဲ့ သဘောထားအရ ဆရာတော်ကြီးရဲ့ တရားပွဲရှိတဲ့ ရက်တွေမှာ ခဏနားဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ သွားပြီးတော့ တောင်းပန်တာတော့ ရှိတယ်။ ၂ ခါ ၃ ခါ သွားပြီးတော့ တောင်းပန်တာတွေ ရှိတယ်။ အဲဒီလိုမျိုးတော့ ရှိတယ်ခင်ဗျ။”

အောင်ကုန်းကျေးရွာ လယ်သမားတွေ ဖေဖော်ဝါရီ ၁၁ ရက်နေ့က သပိတ်စခန်းဖွင့်တဲ့ အပေါ် ပြည်ခရိုင် သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်က ဖေဖော်ဝါရီ ၁၂ ရက်နေ့က သဘောထားထုတ်ပြန်ခဲ့ပါတယ်။

ကြေညာချက်မှာ အောင်ကုန်းရွာ လယ်သမားထုရဲ့ တရားသော တိုက်ပွဲ၊ မှန်ကန်သော ဆောင်ရွက်ချက်များကို အလေးအနက်ထောက်ခံကြောင်း၊ လယ်သမားတွေ ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ မြေယာတွေကို ဥပဒေနဲ့အညီ အမြန်ဆုံး ပြန်လည်ပေးအပ်ဖို့ တိုက်တွန်းထား ပါတယ်။

အောင်ကုန်းကျေးရွာက လယ်သမား ဦးပေါက်စက သပိတ်စခန်းဖွင့်ပြီး ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ ပထမ တောင်းဆိုချက် ၃ ချက်နဲ့ပဲ သပိတ်စခန်းကို ဆက်ဖွင့်သွားမှာပါ။ ပထမအချက် သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရှိရေး၊ ၂ အချက်က ဖြစ်ပေါ်လာတဲ့ လယ်ယာမြေ ပြဿနာများကို ဖြေရှင်းပေးရေး၊ နံပါတ် ၃ အချက်က တောင်သူလယ်သမားတွေ ဆုံးရှုံးနစ်နာမှု လက်ဝယ် ပြန်လယ်ရရှိရေးတို့ ဖြစ်ပါတယ်။ ကျနော်တို့ ရွာသားတွေကို ကားတွေနဲ့ လယ်သိမ်းခံရတဲ့ တောင်သူတွေ၊ ရွာသားတွေကို ခေါ်ပြီးတော့ ပြည်မှာ သပိတ်စခန်းဖွင့်ပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ထားတယ်” လို့ ပြောပါတယ်။

အောင်ကုန်းကျေးရွာ လယ်သမားတွေကို လိုက်ပါ ကူညီဆောင်ရွက်ပေးနေတဲ့ လယ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ဦးသန့်ဇင်ထက်၊ ဦးပေါက်စ၊ ဒေါ်ညိုနဲ့ ဒေါ်ဝင်းတို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ နဲ့ တရားစွဲဆို ခံထားရပါတယ်။

၂၀၀၀ ပြည့်နှစ်ကတည်းက အောင်ကုန်းကျေးရွာရှိ လယ်ယာမြေဧက ၁၁၀၀ ကျော်ကို စစ်တပ်က သိမ်းထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013