DVB Logo
Home
မြန်မာသတင်း
စစ်တပ်ထုတ်ကုန် မြန်မာဘီယာများကို မူဆယ် PDF က ဖမ်းဆီး ဖျက်ဆီး
DVB
·
February 14, 2022
စစ်တပ်ထုတ်ကုန် မြန်မာဘီယာများကို မူဆယ် PDF က ဖမ်းဆီး ဖျက်ဆီး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်မှာ ဖေဖော်ဝါရီ ၁၂ ရက်  မွန်းတည့် ၁၂ နာရီ လောက်က ၁၂ ဘီးကားတစ်စီးအပြည့် တင်ဆောင်လာတဲ့ စစ်တပ်ထုတ်ကုန် မြန်မာဘီယာ  ၁၂၆၀ ဖာကို မူဆယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိလို့ ဖျက်ဆီးပစ်ခဲ့ပါတယ်။

မူဆယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက  “သတင်းကြိုရထားလို့ လမ်းမှာစောင့်ဖမ်းတာပါ။ မြန်မာဘီယာတွေ အကုန်လုံးကို ဖျက်ဆီးပစ်လိုက်ပြီး ကားသမားကိုတော့  နောက်နောင်စစ်တပ်ထုတ်ကုန်တွေ ကုန်သွယ်တာ မပြုဖို့မှာသတိပေးပြီး ပြန်လွှတ်ပေးလိုက်တယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။ 

ကားကိုတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ပြည်သူပိုင်မှန်ရင်  ပိုင်ရှင်လက်ထဲ ပြန်အပ်ပေးမှာပါလို့လည်း ပြောပါတယ်။ 

မူဆယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို အကြောင်းအမျိုးမျိုးကြောင့် မီဒီယာ ချပြတာမျိုး မလုပ်ခဲ့ပေမဲ့ ပြည်မက ပြည်သူလူထုနဲ့ အတူ သွေးမအေးဘဲ စစ်အာဏာရှင်ကို တော်လှန်နေကြောင်းနဲ့ စစ်အာဏာရှင် စနစ်ကျဆုံးသွားတဲ့အချိန်ထိ တောင်တန်းပြည်မ သွေးမကွဲကြဖို့ မူဆယ် PDF ကတိုက်တွန်းထားပါတယ်။

မြန်မာပြည်တွင်းမှာ အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုရဲ့ စီးပွားရေးလုပ်ငန်းတွေကို လူထုက ဝယ်ယူအားပေးတာတွေမလုပ်ဘဲရှိနေသလို အနောက်နိုင်ငံတွေကလည်း ပိတ်ဆို့ဒဏ်ခတ်အရေး ယူမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013