DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီဈေး အဆမတန် မြင့်တက်နေသဖြင့် ရေးမြို့နယ်က ဥယျာဉ်ခြံသမားများ အခက်ကြုံ
DVB
·
February 13, 2022
စက်သုံးဆီဈေး အဆမတန် မြင့်တက်နေသဖြင့် ရေးမြို့နယ်က ဥယျာဉ်ခြံသမားများ အခက်ကြုံ
Donate to DVB

စက်သုံးဆီဈေးတွေ အဆမတန် မြင့်တက်နေပြီး စိုက်ပျိုး၊ သယ်ယူပို့ဆောင်ခစရိတ် များလာတာကြောင့် မွန်ပြည်နယ် ရေးမြို့နယ်က ဥယျာဉ်ခြံသမားတွေ အခက်အခဲကြုံနေကြတယ်လို့ တောင်သူတွေက ပြောပါတယ်။

“တပ်က အာဏာ စသိမ်းယူပြီးတဲ့နောက် စက်သုံးဆီဈေးတွေ ၂ ဆလောက် မြင့်တက်သွားတယ်။ စိုက်ပျိုးရေး ခြံလုပ်ငန်းမှာ ရေပေးရတဲ့အခါ အရင်က ဆီဖိုး ၁ နေ့ကို ထောင်ဂဏန်းနဲ့ကုန်တဲ့ ခြံဟာ အခုက သောင်းနဲ့ချီ ဆီဖိုးက ပိုပြီးကုန်ကျများတာဆိုတော့ ခြံသမားတွေမှာအကျပ်ရိုက်စေတယ်” လို့ ခြံသမားတဦးက ပြောပါတယ်။

လာမယ်နွေရာသီဆို  ဥယျာဉ်ခြံတွေထဲမှာ ရေက ပိုပြီးစွဲရမှာဖြစ်ပြီး အခုအခြေနေမျိုးနဲ့ အပင်တွေကို ရေပေးရတာ၊ မြက်ခုတ်ရတာတွေကအစ စက်သုံးဆီနဲ့လုပ်ရတာကြောင့် ခြံစရိတ်တွေက ၂ ဆလောက် မြင့်တက်သွားတယ်လို့ ဆိုပါတယ်။

တခြား သယ်ယူစရိတ် အလုပ်သမားတွေရဲ့ စရိတ်တွေကနဲ့ အခြေခံစားသောက် ကုန်တွေကလည်း စစ်တပ် အာဏာသိမ်းပြီးချိန်ကနေ ဒီနေ့အထိ စံချိန်တင် မြင့်တက်သွားသလို မြန်မာ့ငွေတန်ဖိုးလည်း ကျဆင်းလာခဲ့ပြီး ဒေသထွက်ကုန်တွေမှာ ပိုပြီး ဈေးမရတာကြောင့် ဥယျာဉ် ခြံလုပ်ငန်းက ပိုပြီး ထိခိုက်ခဲ့ရတာလို့ ဥယျာဉ်ခြံသမားတွေက ပြောပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်က ဆီ ၁ လီတာမှာ ကျပ် ၆၀၀ ကျော်ကနေ စစ်တပ်က အာဏာ သိမ်းပြီးတဲ့နောက် ဒီနေ့ ဆီ ၁ လီတာ ၁၇၄၅ ကျပ်အထိ စံချိန်တင် မြင့်တက်သွားပါတယ်။

ရေးမြို့နယ်မှာ ဥယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ငန်းကို  ရာခိုင်နှုန်း ၇၀ ကျော်လောက် လုပ်ကိုင်ကြတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013