DVB Logo
Home
မြန်မာသတင်း
မြောက်ဥက္ကလာပ စာပေဟောပြောပွဲ ကန့်ကွက်မှုကြောင့် ဖျက်သိမ်းခဲ့ရ
DVB
·
February 13, 2014
မြောက်ဥက္ကလာပ စာပေဟောပြောပွဲ ကန့်ကွက်မှုကြောင့် ဖျက်သိမ်းခဲ့ရ
Donate to DVB

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်က ပြည်ထောင်စုနေ့စာပေဟောပြောပွဲမှာ အစ္စလာမ်ဘာသာဝင်စာရေးဆရာနှစ်ဦးကို မဟောပြောဖို့ သံဃာအဖွဲ့တဖွဲ့က ကန့်ကွက်မှုကြောင့် စာပေဟောပြောပွဲပျက်သွားပါတယ်။

[caption id="attachment_51675" align="alignright" width="300"]ဓာတ်ပုံ - Aung Myint Myat ဓာတ်ပုံ - Aung Myint Myat[/caption]

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြောက်ဥက္ကလာပ မြို့နယ် (ဂ) ရပ်ကွက်မှာ ပြုလုပ်မယ့် စာပေဟောပြောပွဲကို မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂက ကန့်ကွက်လို့ ဖျက်သိမ်းခဲ့ရတာလို့ ပွဲဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးမျိုးထွဋ်က ပြောပါတယ်။

ဒီပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပတာဖြစ်ပြီး ဟောပြောမယ့် သူတွေထဲ က တရားလွှတ်တော်ချုပ်ရှေ့နေ ဦးကိုနီနဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦမြအေး တို့ဟာ အစ္စ လာမ်ဘာသာဝင်ဖြစ်တဲ့အတွက် ပြည်ထောင်စုနေ့လို အခမ်းအနားမျိုးမှာ လက်မခံနိုင် ဟူသော အကြောင်းပြချက်နဲ့ ကန့်ကွက်တာလို့ ဆိုပါတယ်။

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂက အရှင်သုစိတ္တက  ကန့်ကွက်တဲ့စာကို မြောက်ဥက္ကလာပ မြို့နယ် အုပ်ချုပ်ရေးမှူးထံ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပေးပို့ခဲ့ပြီး ပွဲဖြစ်မြောက်ရေးစီစဉ်တဲ့  မြောက်ဥက္ကလာပမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖေဖော်ဝါရီ ၁၁ ရက်မနက်မှာ မြို့နယ်ရုံးက ခေါ်တွေ့ခဲ့တယ်လို့ ဦးမျိုးထွဋ်က ပြောပါတယ်။


    “ဦးကိုနီနဲ့ ကိုမြအေးတို့ နှစ်ယောက်ကို ကန့်ကွက်ပါတယ်တဲ့။ သူတို့က မွတ်စလင်တွေ ဖြစ်နေလို့ပါတဲ့။ ဘာသာခြားတွေက ဒီလိုပွဲမျိုးကို တက်ပြီး မပြောသင့်ပါဘူးဆိုပြီး ကန့်ကွက်တယ်။ အဲတော့ ကျနော်က ဘာသာရေးပွဲမဟုတ်ဘူးဆိုပြီး ပြောတယ်။ ဒါက စာပေဟောပြောပွဲ။ ဒါပေမယ့် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပတဲ့ ပွဲဖြစ်နေလို့ လက်မခံနိုင်ဘူးလို့ ပြောတယ်။ သူတို့က အဲဒါကို စဉ်းစားပေးပါလို့ ပြောပြီး ပြန်သွားကြတယ်။ ညနေပိုင်းလည်းရောက်ရော ဦးဝိစိတ္တ ကနေပြီး  ဖုန်းဆက်တယ်။ ခြိမ်းခြောက်တဲ့ ပုံစံမျိုးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒါဟာ ခြိမ်းခြောက်တာပဲဆိုပြီး ကျနော်တို့ ပွဲကို ဆက်လက် ကျင်းပပြုလုပ်တယ်။”

ကန့်ကွက်စာနဲ့ပတ်သက်ပြီး မြို့နယ်အန်အယ်လ်ဒီအဖွဲ့ဝင်တွေက ရဟန်းအဖွဲ့ကို သွားရောက် ဆွေးနွေးခဲ့ပေမယ့် ပြေလည်မှုမရခဲ့ပါဘူး။

ဒီအခြေအနေဟာ စာပေဟောပြောပွဲကို အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်ခဲ့ပေမယ့် ဖေဖော်ဝါရီလ ၁၂ ရက် နေ့ညနေ ၅ နာရီလောက်မှာ သံဃာတော်အပါး ၃၀ အပါအ၀င် လူတစုက သူတို့ရဲ့ ကန့်ကွက်စာနဲ့ ပွဲကျင်းပမယ့် နေရာကို ရောက်လာခဲ့ပြီး ကန့်ကွက်ခဲ့တာပါ။

စာပေဟောပြောပွဲ တက်ရောက်ဟောပြောဖို့  တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၊ ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက  ဦးမြအေး၊ ဆင်ဖြူကျွန်း အောင်သိန်းနဲ့ ဆရာ သန်းစိုးနိုင်တို့ကို ဖိတ်ကြားထားခဲ့တာဖြစ်ပါတယ်။

ဒီစာပေဟောပြောပွဲမှာ  ဆရာဆင်ဖြူကျွန်းအောင်သိန်းက နေမကောင်းလို့ မတက်နိုင်ခဲ့ပါ ဘူး။ ဒါကို နောက်ထပ် ဟောပြောမယ့်သူ ၂ ဦးကို ထပ်ဖြုတ်ခိုင်းတဲ့အတွက် ဟောမယ့် ဆရာ ၁ ဦးသာရှိတဲ့အတွက် ပွဲကို ဖျက်လိုက်ရတာလို့ ပြောပါတယ်။

ကန့်ကွက်ခံရတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမြအေးကတော့ သူ့ကို ကန့်ကွက်မှုအပေါ် အခုလို ပြန်လည် ပြောကြားပါတယ်။

“တယောက်နဲ့တယောက် နားလည်မှု လွဲတယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ ဘာဟောပြောမယ်၊ ဘယ်လိုပြောမယ်ဆိုတာကို ကန့်ကွက်တာမှမဟုတ်တာ။  အခုဟာက လူမျိုးရေးတခု၊ ဘာသာရေးတခုကို ကြည့်ပြီး ကန့်ကွက်တဲ့ကိစ္စလေ။ ကျနော်တို့ ဟောပြောတဲ့စကားတွေဟာ ဘာသာရေးဆန်နေလား၊ လူမျိုးရေးဆန်နေလား။ ကျနော်တို့ ဘာလုပ်ခဲ့တယ်၊ အခု ဘာတွေလုပ်နေတယ်၊ ရှေ့ကို ဘာတွေလုပ်မှာလဲဆိုတဲ့ ကိစ္စတွေကို မကြည့်ဘဲ ဒီအတိုင်း ကန့်ကွက်နေတဲ့ ကိစ္စကို ကျနော် ဘယ်လိုဖြေရှင်းရမလဲ။ ဖြေရှင်းစရာ အကြောင်းမရှိဘူးလို့ မြင်တယ်။ ကျနော် ဘာလုပ်ခဲ့တယ်၊ ဘာလုပ်နေတယ်ဆိုတာ တပြည်လုံးသိတယ်။”

ဒီဟောပြောပွဲဖြစ်ဖို့အတွက်  ဇန်န၀ါရီ ၄ ရက်ကတည်းက အာဏာပိုင်အသီးသီးကို လျှောက်လွှာတင်ခဲ့ပြီး  မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒီလို ကန့်ကန်ခံရမှုနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013