DVB Logo
Home
မြန်မာသတင်း
စ၀်ရွက်စစ်ကို ဥက္ကဋ္ဌအဖြစ် ပြန်လည်အရွေးခံရန် တောင်းဆို
DVB
·
February 13, 2014
စ၀်ရွက်စစ်ကို ဥက္ကဋ္ဌအဖြစ် ပြန်လည်အရွေးခံရန် တောင်းဆို
1 / 2
Donate to DVB

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ဥက္ကဋ္ဌအဖြစ် ပြန်လည်အရွေးခံဖို့ ဒုဗိုလ်ချုပ်ကြီး စပ်ရွက်စစ်ကို ဥက္ကဋ္ဌသစ်အဖြစ် လျာထားခံရသူ ၅ ဦးက တောင်းဆိုလိုက်ပါတယ်။

[caption id="attachment_51662" align="alignleft" width="300"]ဥက္ကဋ္ဌအဖြစ် လျာထားခံရသူ ၅ ဦး စာရင်း ဥက္ကဋ္ဌအဖြစ် လျာထားခံရသူ ၅ ဦး စာရင်း[/caption]

လွိုင်တိုင်းလျဲန်းဌာနချုပ်မှာ လက်ရှိကျင်းပနေတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ဗဟိုအလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ပွဲမှာ အခုလို တောင်းဆိုလိုက်တာပါ။

ဥက္ကဋ္ဌအဖြစ် ၁၄ နှစ်ဆက်တိုင် တာဝန်ယူလာတဲ့ စ၀်ရွက်စစ်သာ အသင့်လျော်ဆုံးဖြစ်တဲ့အတွက် ဥက္ကဋ္ဌသစ်အဖြစ် လျာထားခံရတဲ့ ၅ ဦးစလုံး ညှိနှိုင်းတိုင်ပင်ပြီး အခုလို တောင်းဆိုလိုက်တာလို့ ကျိုင်းတုံတိုင်းစစ်ဒေသမှူး ဗိုလ်မှူးချုပ် ကွဏ်းစင့်က ပြောပါတယ်။

“ဥက္ကဋ္ဌသစ်ပြောင်းရင် ပေါ်လစီတချို့တွေလည်း ပြောင်းရမယ်၊ ကျနော်တို့ အနေနဲ့ လက်ရှိအခြေအနေက အကောင်းဆုံးလို့ယူဆပါတယ်။ စ၀်ရွက်စစ်က အရွေးမခံပေမယ့်လည်း ကျနော်တို့ ၅ ယောက်စလုံးက သူ့ကို ပြန်အရွေးခံဖို့ တောင်းဆိုပြန်ကြားထားပါတယ်။ နောက်ထပ် ၄ နှစ် ဆက်လုပ်ပေးဖို့ပေါ့။ ဒါတင်မကဘူး၊ အရာရှိ အရာခံ စစ်သည်နဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဆီကလည်း သဘောထားတွေရယူဖို့ လုပ်နေကြပါတယ်။”

ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ပြီးမှ ရှမ်းပြည်တပ်မတော် တောင်ပိုင်း စစ်ဦးစီးချုပ် နဲ့ ဗဟိုအလုပ်အမှုဆောင်တွေကို ရွေးချယ်သွားမယ်လို့ ဗိုလ်မှူးချုပ် ကွဏ်းစင့်က ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ၁၄ နှစ်ကြာ တာဝန်ယူလာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရွက်စစ်ဟာ အနာဂတ်ခေါင်းဆောင်သစ်တွေအတွက် အမြင့်ဆုံး ခေါင်းဆောင်ရာထူးကို လက်ဆင့်ကမ်းပေးလိုကြောင်း ပြီးခဲ့တဲ့ ဇန်န၀ါရီလဆန်းပိုင်းက ကျင်းပတဲ့ ရှမ်းပြည်တပ်မတော် နှစ်ပတ်လည်အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

ဥက္ကဋ္ဌသစ်အဖြစ် လျာထားသူ ၅ ဦးကို အဆင့်ဆင့် ရွေးချယ်ခဲ့ပုံနဲ့ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် တောင်ပိုင်းရဲ့ ပြောခွင့်ရ ဗိုလ်ကြီး စိုင်းဆိုင်မိုင်က အခုလို ပြောပါတယ်။

[caption id="attachment_51669" align="alignright" width="300"]ဥက္ကဋ္ဌအဖြစ် ပြန်လည်အရွေးခံရန် တောင်းဆိုခံရသည့် ဒုဗိုလ်ချုပ်ကြီး စပ်ရွက်စစ် ဥက္ကဋ္ဌအဖြစ် ပြန်လည်အရွေးခံရန် တောင်းဆိုခံရသည့် ဒုဗိုလ်ချုပ်ကြီး စပ်ရွက်စစ်[/caption]

“ကျနော်တို့ ဋ္ဌာနဆိုင်ရာ အားလုံးကို စာပို့ပြီး နာမည်တွေ တင်ပို့စေတာပေါ့နော်။ ကော်မရှင်က ပြန်လည်ရွေးချယ်ပြီးတော့ ရွေးကောက်ပွဲအတွက် စီစဉ်ခြင်း ဖြစ်ပါတယ်။ ဒီ ၅ ဦးနဲ့ ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် စတင်ထူထောင်စဉ်ကတည်းက အားလုံးက တစိုက်မတ်မတ်နဲ့ ကြိုးစားပြီး လုပ်ငန်းလုပ်ဆောင်လာတဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ပါတယ်။ အားလုံးက ယုံကြည်စိတ်ချရပါတယ်။”

ဥက္ကဋ္ဌသစ်အဖြစ် လျာထားခံရသူတွေကတော့ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် စ၀်စိုင်းယီ့၊ ဗိုလ်ချုပ် စ၀်ခေးငင်း၊ ဗိုလ်မှူးချုပ် စ၀်သီရိ၊ ဗိုလ်မှူးချုပ် စ၀်ကွဏ်းစင့်နဲ့ ဗိုလ်မှူးချုပ် စ၀်ပေါင်ခေး တို့ ဖြစ်ပါတယ်။

လေးနှစ်တကြိမ် ကျင်းပတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဗဟိုအလုပ်အမှုဆောင် ရွေးချယ်ပွဲကို ဖေဖော်ဝါရီ ၁၃ ရက်ကနေ စတင်ခဲ့ပြီး ဗဟိုကော်မတီဝင်တွေရပြီးတာနဲ့ တပ်ရာထူးတိုးမြှင့်ပြောင်းလဲတာ၊ ရှေ့လာမယ့် ၄ နှစ်အတွက် လုပ်ငန်းစဉ် ချမှတ်တာတွေကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ထိ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013