DVB Logo
Home
မြန်မာသတင်း
လေးကေ့ကော်မြို့သစ်တွင် ယမန်နေ့က တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွား
DVB
·
February 11, 2022
လေးကေ့ကော်မြို့သစ်တွင် ယမန်နေ့က တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွား
1 / 6
Donate to DVB

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ၇ မိုင်လောက်အကွာ လေးကေ့ကော်မြို့သစ်မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က KNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီတပ်ဘက် နေရာယူထားတဲ့အတွက် ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့လယ်ပိုင်းနဲ့ ည ၈ နာရီခွဲလောက်တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒုတိယအကြိမ်တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီး ၈၁ မမ၊ ၁၂၀ မမ အပါအဝင် လက်နက်ငယ်တွေ အသုံးပြု ပစ်ခတ်ခဲ့သလို KNLA ဘက်ကလည်း ပြန်ပစ်ခတ်ခဲ့ပြီး နှစ်ဖက် မိနစ် ၄၀ လောက်အကြာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူ ၅ ဦးလောက် ရှိတယ်လို့ KNLA တာဝန်ရှိသူက ပြောကြားခဲ့ပေမယ့် ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်ကစတင်ပြီး လေးကေ့ကော်ဒေသကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့  KNLA၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူ ၂၀၀၀၀ လောက် ဘေးလွတ်ရာပြေးရှောင်ခဲ့ကြရပြီး လက်ရှိအခြေအနေအထိ နေရပ်မပြန်နိုင်သေးတဲ့ တဲ့ စစ်ရှောင်ပြည်သူ ၃၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013