DVB Logo
Home
မြန်မာသတင်း
မတ္တရာတွင် အင်အား၃၀ကျော်ပါ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
February 11, 2022
မတ္တရာတွင် အင်အား၃၀ကျော်ပါ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီက ခြေလျင် စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀ ကျော်ပါ စစ်ကောင်စီ တပ်ဖွဲတစ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပကဖ(မတ္တရာ) က ပြောပါတယ်။

သဖန်းကိုင်းအုပ်စု မြောင်းသစ်ရွာနဲ့ လမိုင်းအုပ်စု ကြပ်ပြင်ရွာအကြားက လက်တံမြောင်း-၂ ဘောင်ပေါ်မှာ ၉ လုံးပါ ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ မတ္တရာအရှေ့ပိုင်းနယ်သို့ လွန်ခဲ့တဲ့ တစ်ပတ်ခန့်ကစတင်ပြီး နယ်မြေရှင်းလင်းရေး ရောက်ရှိနေတာဖြစ်ပြီး  မတ္တရာအရှေ့ပိုင်းနယ်အတွင်းရှိ လမိုင်းရွာ၊ ကျောက်တံတားရွာ၊ ကင်းရွာတွေမှာ တစ်ညစီ  တပ်စွဲကာ  သဖန်းကိုင်းကျေးရွာမှာ သုံးည တပ်စွဲခဲ့ကြောင်း၊ အပြန်မှာ ၉ လုံးပါ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်များနိုင်တယ်လို့ ပကဖ(မတ္တရာ)က ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းဘက်က ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို ပကဖ-(မတ္တရာ) နဲ့ Mandalay People's Defense Force (MPDF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆက်လက်သိရပါတယ်။

ဓာတ်ပုံ ပကဖ(မတ္တရာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013