DVB Logo
Home
မြန်မာသတင်း
ဗိုလ်ရှုခံ စိန်ရတုပြည်ထောင်စုနေ့ပွဲတက်ရန် ဟိန္ဒူနှင့် ခရစ်ယာန်ဘာသာရေးအဖွဲ့ ၂ ဖွဲ့ဖိတ်ခေါ်
DVB
·
February 11, 2022
ဗိုလ်ရှုခံ စိန်ရတုပြည်ထောင်စုနေ့ပွဲတက်ရန် ဟိန္ဒူနှင့် ခရစ်ယာန်ဘာသာရေးအဖွဲ့ ၂ ဖွဲ့ဖိတ်ခေါ်
Donate to DVB

ဗိုလ်ရှုခံပွဲလုပ်မယ့် စိန်ရတုပြည်ထောင်စုနေ့ပွဲနဲ့ ငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီတို့က  ဖိတ်ခေါ်ထားပါတယ်။

စစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတဲ့ အဖွဲ့ ၂ ဖွဲ့လုံးရဲ့ ထုတ် ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူ ခေါင်းဆောင်တွေ အားလုံးတက်ရောက်နိုင်ကြဖို့နဲ့ မြန်မာနိုင်ငံတဝန်းက ဘာသာဝင်တွေ ကိုယ်စား တိုက်တွန်းနှိုးဆော်မေတ္တာရပ်ခံကြောင်း ဖော်ပြထားတာပါ။

မြန်မာနိုင်ငံတဝန်း တိုင်းရင်းသားဒေသတွေအပါအဝင် ပြည်နယ်နဲ့အတိုင်းတွေမှာ စစ် ကောင်စီတပ်တွေက  မြေပြင်ကရော လေကြောင်းကပါ  အကြမ်းဖက်တိုက်ခိုက်မှု တိုးမြှင့် ပြုလုပ် နေချိန် တဖက်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေပြည်တော်ကို စစ်ကောင်စီက ဖိတ် ခေါ်နေတာဖြစ်ပါတယ်။ 

ဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ အန်စီအေ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရော လက်မှတ်မ ထိုးထားတဲ့ အဖွဲ့တွေကိုပါ စစ်ကောင်စီက ဖိတ်ခေါ်ထားပြီး ဖြစ်သလို အများစုကတော့ တက်ရောက်ညှိနှိုင်းဆွေးနွေးစရာမလိုကြောင်း ထုတ်ပြန်ထားကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ တဖက်မှာတော့ဒီပွဲကို တက်ရောက် ကြဖို့ နှိုးဆော်တိုက်တွန်းကြတဲ့ အဖွဲ့အစည်းတချို့လည်း ရှိနေပြီး မြန်မာနိုင်ငံသဘင်အစည်းအရုံး၊  မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး(ဗဟို)နဲ့ လူရွှင်တော်အသင်းတွေက ခုရက်ပိုင်းမှာတင် ထုတ်ပြန်ချက်တွေ ထုတ်ကြတဲ့အပေါ် ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။ ကြံ့ခိုင်ရေးပါတီအပါအဝင် မဟာမိတ် ၂၆ ပါတီကလည်း အလားတူ တိုက်တွန်းတဲ့စာ ထုတ်ပြန်ထားပါတယ်။ 

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ၇၅ နှစ်မြောက် စိန်ရတုနေ့ အခမ်း အနားမှာ ဗိုလ်ရှုခံဖို့စီစဉ်နေပြီး ပြည်နယ်နဲ့တိုင်းအလိုက် သူ့ကို ချီတက်အလေးပြုမယ့် အလှပြယာဉ်ကား အစီး ၅၀ လောက် နေပြည်တော်မှာတည်ဆောက်နေကာ ကျပ်ငွေ သိန်းပေါင်း ၉ သောင်းကျော် အသုံးပြုသွားမယ်လို့  သိရပါတယ်။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ လာမယ့် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ကို Black TV Day အဖြစ် သတ်မှတ်ပြီး စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေကို မကြည့်ဘဲ သပိတ် မှောက်ဖို့  Campaign လှုပ်ရှားမှု စတင်ဖို့ နှိုးဆော်ထားကြတာ ဖြစ်ပါတယ်။ 

Black TV Day ဆိုတာ စစ်ကောင်စီကလွှင့်တဲ့ ဝါဒဖြန့်မှုမှန်သမျှကို ဆိုရှယ်မီဒီယာမှာ Like မလုပ်တာ၊ မ Share တာ၊ Comment မရေးတာ၊ Troll မလုပ်တာ၊ စစ်ကောင်စီ လက်အောက်ခံ ရုပ်သံလိုင်းတွေက ထုတ်လွှင့်သမျှကို မကြည့်တာ၊ စစ်အုပ်စုထုတ် သတင်းစာတွေကို မဖတ်တာ စတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013