DVB Logo
Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အင်းလေး ဟိုတယ်ဇုန် သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် ဆောက်ရန် ညွှန်ကြား
DVB
·
February 13, 2014
အင်းလေး ဟိုတယ်ဇုန် သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် ဆောက်ရန် ညွှန်ကြား
Donate to DVB

innlayရှမ်းပြည်နယ် အင်းလေးကန် အရှေ့ဘက်ကမ်း ဟိုတယ်ဇုန်မှာ တည်ဆောက်မယ့် ဟိုတယ်ဇုန်တွေကို သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင်တည်ဆောက်ဖို့ ညွှန်ကြားထား တယ်လို့ ဟိုတယ်ခရီး ဒုဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာဖြစ်ပြီး လုပ်ငန်းရှင်တွေကို အင်းလေးကန် မြင်ကွင်း မထိခိုက်စေဖို့ ရိုးရာစတိုင် ဘန်ဂလိုတွေ ဆောက်ဖို့၊ အထပ်မြင့် ဆောက်မယ်ဆိုရင် ရှေ့မျက်နှာစာမှာ အမြင့် ပေ ၃၀၊ နောက်ကျောဘက်တန်းတွေမှာ ၅၄ ပေထက် မမြင့်ဖို့ သတ်မှတ်ထားတယ်လို့ သူက ရှင်းပြပါတယ်။

လွှတ်တော် အစည်းအဝေးမှာ ရှမ်းပြည်နယ် အမတ် ဦးညွန့်တင်က ဟိုတယ်ဆောက်သူတွေဟာ မြေဖို့ပြီး ဧရိယာ ချဲ့နေတယ်၊ သစ်ပင်တွေ ခုတ်ပစ်တယ် စတာတွေ သိပါသလား မေးတာကို ဒုဝန်ကြီးက ခုလို ဖြေရှင်းချက်ပေးခဲ့တာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013