DVB Logo
Home
မြန်မာသတင်း
အများနှင့် ရင်ဘောင်တန်းနိုင်ရေး ဆန်စပါးမူဝါဒရှိရန် လိုအပ်
DVB
·
February 13, 2014
အများနှင့် ရင်ဘောင်တန်းနိုင်ရေး ဆန်စပါးမူဝါဒရှိရန် လိုအပ်
Donate to DVB

မြန်မာနိုင်ငံရဲ့ ဆန်စပါးလုပ်ငန်းက အိမ်နီးချင်းနိုင်ငံတွေနဲ့အပြိုင် တန်းတူရင်ဘောင်တန်းပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နိုင်ငံအတွင်းမှာ ဆန်စပါးဆိုင်ရာ မူဝါဒတစ်ရပ် ရှိဖို့ လိုအပ်တဲ့အကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောဆိုပါတယ်။

ဆန်စပါးဆိုင်ရာမူဝါဒနဲ့ပတ်သတ်လို့ မြန်မာနိုင်ငံမှာ ယခင် တပ်မတော်အစိုးရက ချမှတ်ထားတဲ့ ပြည်တွင်း ဖူလုံရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်ရန် ဆောင်ရွက်ရမယ် ဆိုတဲ့ အချက်ရယ်၊ ပြည်တွင်းဖူလုံပြီး ပိုလျှံတဲ့ ပမာဏကို ပြည်ပတင်ပို့မယ်ဆိုတဲ့ အချက် ၂ ချက်ပဲ ရှိပါတယ်။

Farmers scatter rice to clean it after collection from a field at Naypyitawဒါကြောင့် လက်ရှိပြဋ္ဌာန်းထားတဲ့ ဆန်စပါးဆိုင်ရာမူဝါဒထက် ပိုမိုကျယ်ပြန့်တဲ့ မူဝါဒကို ဖော်ဆောင်ဖို့ လိုကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

ဒီ့ပြင် ပြည်ပရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဆန်စပါးဆိုင်ရာမူဝါဒကို အခြေခံပြီး လယ်ယာကဏ္ဍ အပေါ် ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ မျိုးစေ့ထုတ်တာ၊ ဆန်စက်တည်တာ၊ စက်မှုလယ်ယာကဏ္ဍမှာ ရင်းနှီးလုပ်ကိုင်တာ စတဲ့ ကိုယ်ရင်းနှီးမြှုပ်နှံမယ် လုပ်ငန်းကို ဆုံးဖြတ်နိုင်လို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်း ၀င်ရောက်လာမှာ ဖြစ်တယ်လို့ သူက ဆက်လက်ပြောပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ဆန်စပါးဆိုင်ရာမူဝါဒတရပ် ပေါ်ထွက်လာဖို့အတွက် အစိုးရအပါအ၀င် နိုင်ငံတကာ အသင်းအဖွဲ့တွေ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဦးရဲမင်းအောင်က ပြောပါတယ်။

တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဒီမူဝါဒဟာ ဆန်စပါးကဏ္ဍနဲ့ ဆက်နွယ်တဲ့ သူတွေ အားလုံးကိုကိုယ်စားပြုပြီး ပါဝင်တဲ့ ဆန်စပါးဆိုင်ရာမူဝါဒ တရပ်ဖြစ်မှပဲ အောင်မြင်မယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ဆန်းစပါးလုပ်ငန်းမှာ မှီတင်းနေတဲ့ တောင်သူ၊ ကုန်သည်၊ စက်ပိုင် စတဲ့ ဆန်စပါး ကဏ္ဍကြီး တခုလုံးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့အပြိုင် တန်းတူရင်ဘောင် တန်းနိုင်ဖို့အတွက် ကျယ်ပြန့်တဲ့ ဆန်စပါးဆိုင်ရာ မူဝါဒတရပ် ရှိဖို့လိုပါတယ်။

မြန်မာရဲ့ဆန်စပါးထုတ်လုပ်မှုဟာ ၂၀၁၃-၁၄ မှာ တန် ၁၁ သန်းထုတ်လုပ်နိုင်မှာ ဖြစ်ပြီး ၂၀၁၂-၁၃ ခုနှစ်မှာတော့ ၁၀.၆ သန်း ထုတ်လုပ်နိုင်တဲ့အတွက် ၃ ရာခိုင်နှုန်း မြင့်တက်လာမယ်လို့ အမေရိကန် စိုက်ပျိုးရေးဌာနက ခန့်မှန်းထားပါတယ်။

၂၀၁၃-၁၄ ခုနှစ် မြန်မာနိုင်ငံမှာ ဆန်စပါး ၀ယ်ယူမှုဟာ ခန့်မှန်းခြေ တန် ၁၀.၂၅ သန်းရှိနိုင်ပြီး နိုင်ငံခြား တင်ပို့မှုက ၇ သိန်းခွဲလောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာတနိုင်ငံလုံးမှာ စပါးစိုက်ဧက ၁၃ သန်းရှိပြီး စပါးစိုက် လယ်သမားပေါင်း ၄ သန်းခွဲလောက် ရှိပါတယ်။
အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အများနှင့် ရင်ဘောင်တန်းနိုင်ရေး ဆန်စပါးမူဝါဒရှိရန် လိုအပ်