DVB Logo
Home
မြန်မာသတင်း
လူငယ့်အခန်းကဏ္ဍ ဖော်ထုတ်နိုင်ရေး မန္တလေးလူငယ် နှီးနှောပွဲ ကျင်းပ
DVB
·
February 12, 2014
လူငယ့်အခန်းကဏ္ဍ ဖော်ထုတ်နိုင်ရေး မန္တလေးလူငယ် နှီးနှောပွဲ ကျင်းပ
Donate to DVB

မြန်မာနိုင်ငံရေး အပြောင်းအလဲမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍကို ဖော်ထုတ်နိုင်ဖို့နဲ့ လူငယ်ခေါင်းဆောင်တွေ ပေါ်ထွန်းလာဖို့အတွက် ရည်ရွယ်ပြီး မန္တလေး လူငယ် နှီးနှောဖလှယ်ပွဲ ပြုလုပ်နေပါတယ်။

မန္တလေး လူငယ် နှီးနှောဖလှယ်ပွဲကို မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် အင်းလေးခြံကျေးရွာ မိုးကုတ်ဓမ္မ ၀ိပဿနာရိပ်သာမှာ ဖေဖော်ဝါရီ ၁၂ မှ ၁၄ ရက်နေ့ အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်နေတာပါ။

[caption id="attachment_51635" align="alignright" width="300"]၂၀၁၄ ခုနှစ် မန္တလေး လူငယ် နှီးနှောဖလှယ်ပွဲ  ပြုလုပ်ရန် အတွက် သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီလ၆ ရက်နေ့က ပြုလုပ်နေစဉ် ၂၀၁၄ ခုနှစ် မန္တလေး လူငယ် နှီးနှောဖလှယ်ပွဲ ပြုလုပ်ရန် အတွက် သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီလ၆ ရက်နေ့က ပြုလုပ်နေစဉ်[/caption]လူငယ်နဲ့ ဒီမိုကရေစီ၊ လူငယ်နဲ့ နိုင်ငံရေး၊ လူငယ်နဲ့ ပညာရေး စတဲ့ ခေါင်းစဉ်တွေကို ဆွေးနွေးမယ်လို့ မန္တလေး လူငယ်နှီးနှောဖလှယ်ပွဲမှာ မီဒီယာအဖွဲ့တာဝန်ရှိသူ ကိုစည်သူက ပြောပါတယ်။

လူငယ်နှီးနှောဖလှယ်ပွဲ ကျင်းပရတဲ့ ရည်ရွက်ချက်ကို ဦးဆောင် ကျင်းပတဲ့ မီဒီယာအဖွဲ့ တာဝန်ရှိသူ ကိုစည်သူက “အားလုံး အချက် ၄ ချက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ ကာလမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍကို ဖော်ထုတ်ရန်ဆိုတဲ့ ၁ ချက်ရယ်။ လက်ရှိ နိုင်ငံရေး အပြောင်းအလဲမှာ လူငယ်တွေ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေနဲ့ အခွင့်အလမ်းတွေကို သုံးသပ်ပြီး လူငယ်ပေါ်လစီ ရေးဆွဲရာမှာ အထောက်အကူ ဖြစ်ဖို့ရယ်၊ မန္တလေးတိုင်းဒေသကြီး လူငယ်ကွန်ရက် ပေါ်ပေါက်လာဖို့ရယ်၊ နောက်အချက်က မန္တလေးတိုင်းဒေသကြီးမှာ လူငယ်ခေါင်းဆောင်များနဲ့ လူငယ်ကိုယ်စားလှယ်များ ပေါ်ပေါက်လာဖို့ အဲဒီ ရည်ရွယ်ချက် အချက် ၄ ချက်နဲ့ အဓိကထားပြီး ကျင်းပတာ” လို့ ပြောပါတယ်။

နှီးနှောဖလှယ်ပွဲတက်ရောက်တဲ့ မိတ္ထီလာ ကိုယ်စားပြု လူငယ်ကိုယ်စားလှယ် ကိုရဲအောင်အောင်က မြန်မာနိုင်ငံရေးမှာဖြစ်ဖြစ်၊ ကမ္ဘာ့နိုင်ငံရေးမှာဖြစ်ဖြစ် လှည့်ကွက်တွေများတဲ့ အတွက် လူငယ်တွေကို ဖြန့်ကြက် တွေးစေချင်တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံရေးမှာဖြစ်ဖြစ်၊ ကမ္ဘာ့နိုင်ငံရေးမှာဖြစ်ဖြစ် တော်တော်များများက လှည့်ကွက်တွေများတယ်၊ အပြောင်းအလဲတွေ များတယ်၊ အဲဒီအပေါ်မှာ အမြော်အမြင်ရှိရှိ ဖြန့်ကြက်တွေးတာတို့၊ တီထွင်တွေးတာတို့ သေသေချာချာ စဉ်းစားနိုင်တဲ့ လူငယ်တွေ ဖြစ်လာစေချင်တယ်။ စာရိတ္တပိုင်းဆိုင်ရာ ကောင်းစေချင်တယ်။ နောက်တခုက စိတ်ပိုင်းဆိုင်ရာ ပြည့်ဝတဲ့ လူငယ်တွေ ဖြစ်လာစေချင်တယ်။ နောက်တချက်အနေနဲ့က အတွေးအခေါ် အမြော်အမြင်ရှိတဲ့ လူငယ်တွေ ဖြစ်လာစေချင်တယ်ဗျ”လို့ ပြောပါတယ်။

လူငယ် နှီးနှောဖလှယ်ပွဲကို မန္တလေးတိုင်းအတွင်း မြို့နယ်အသီးသီးရှိ နိုင်ငံရေးပါတီက လူငယ်တွေ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေက လူငယ်တွေ၊ လယ်သမားနဲ့ အလုပ်သမားသမဂ္ဂက လူငယ်တွေ အပါအ၀င် လူငယ် ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့က စတင်ကျင်းပတဲ့ မန္တလေးလူငယ် နှီးနှောဖလှယ်ပွဲကို ဒုတိယအကြိမ် ကျင်းပပြုလုပ်တာ ဖြစ်ပြီး တခြား ပြည်နယ်နဲ့ တိုင်းအသီးသီးမှာလည်း ကျင်းပ ပြုလုပ်နေပါတယ်။

ပြည်နယ်နဲ့ တိုင်းအသီးသီးက လူငယ်နှီးနှောဖလှယ်ပွဲတွေ ကျင်းပပြီးရင် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ် နှီးနှောဖလှယ်ပွဲကို ကျင်းပမယ်လို့ ဆိုပါတယ်။ အဲဒီနှီးနှောဖလှယ်ပွဲကနေ လူငယ်ခေါင်းဆောင်တွေကို ရွေးချယ်ပြီး အာဆီယံ လူငယ် နှီးနှောဖလှယ်ပွဲကို တက်ရောက်စေမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013