
မွန်ပြည်နယ် ရေးမြို့မှာ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁ နာရီလောက်က ဗုံးပေါက်ကွဲမှုနဲ့ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲသံက ရန်ကြီးအောင်ရပ် ကျုံးပတ်လမ်းနေအိမ်ရှေ့ဘက်မှာ ဖြစ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။
“လူတွေ ညအိပ်ချိန်လည်းဖြစ်၊ ဗုံးသံနဲ့ သေနတ်သံက လေးငါးချက်လောက် ပစ်ခတ်သံက ထပ်မံ ကြားရတဲ့အခါ ဘယ်မှာ ဗုံးပေါက်ပြီး ပစ်နေကြလဲတော့ မသိရဘဲ စိုးရိမ်စိတ်က ပိုပြီး မြင့်မားနေခဲ့တယ်” လို့ မြို့ခံတယောက်က ပြောပါတယ်။
ဗုံးပေါက်ကွဲသံကြားရတဲ့ နေအိမ်ဟာ စစ်ကောင်စီ အလိုရှိနေတဲ့ PDF ရဲ့ အဖွဲ့ဝင် နေအိမ်ဖြစ်ပြီး အဆိုပါနေအိမ်မှာ မိသားစုဝင်တွေ မနေရဲဘဲ ရှောင်တိမ်းနေရတယ်လို့ အိမ်နီးနားချင်းတ ယောက်က ပြောပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲပြီး သေနတ်ပစ်ခတ်တဲ့အသံဟာ စစ်ကောင်စီတပ်ဖွဲ့က လူတွေကို ခြောက်လန့် တာလည်း ဖြစ်နိုင်တယ်လို့ မြို့ခံ တချို့က ခန့်မှန်းပြောဆိုနေကြပါတယ်။
ရေးမြို့နယ်အတွင်း စစ်တပ်နဲ့ နီးစပ်တဲ့သူ အစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်၊ ဗိုလ်မှူးဟောင်း ဦးအောင်နိုင်ဝင်း (တစ်သီး ပုဂ္ဂလိကကိုယ်စားလှယ်လောင်း) အပါအ၀င် လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် လုံခြုံရေးတွေကို ညဘက်မှာပိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လှည်ကင်း၊ ဝပ်ကင်း၊ မြို့တွင်း မြို့ပြင်နေရာတွေမှာယူထားပြီး တင်ကြပ်စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။