DVB Logo
Home
မြန်မာသတင်း
ဒဂုံမြို့သစ် အိမ်ခြေ ၄၀၀၀ ကျော် ဖေဖော်ဝါရီ ၁၆ ရက် နောက်ဆုံးထားဖျက်ရမည်
DVB
·
February 12, 2014
ဒဂုံမြို့သစ် အိမ်ခြေ ၄၀၀၀ ကျော် ဖေဖော်ဝါရီ ၁၆ ရက် နောက်ဆုံးထားဖျက်ရမည်
Donate to DVB

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အစိုးရပလပ်မြေပေါ်က ကျူးကျော်နေအိမ် ၄၀၀၀ ကျော်ကို ဖေဖော်ဝါရီ ၁၆ ရက် နောက်ဆုံးထားဖျက်ဖို့ အမိန့်ထုတ် လိုက်ပါတယ်။

ကျူးကျော်အိမ်တွေကို ဖော်ဖော်ဝါရီ ၁၆ ရက်နေ့ အပြီးဖျက်ပေးရမှာဖြစ်ပြီး မဖျက်ပေးပါက ၁၈၉၈ ခုနှစ် မြန်မာနိုင်ငံတော်အောက်ပိုင်း မြေယာအက်ဥပဒေ ပုဒ်မ ၂၁(၁)အရ အရေးယူသွားမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒုတိယအကြိမ် အမိန့်ညွှန်ကြားစာ ထုတ်လိုက်တာပါ။

[caption id="attachment_51630" align="alignright" width="300"]ဒဂုံဆိပ်ကမ်းမြို့နယ် ၉၃ ကျူးကျော်ရပ်ကွက်အား တွေ့မြင်ရစဉ် ဒဂုံဆိပ်ကမ်းမြို့နယ် ၉၃ ကျူးကျော်ရပ်ကွက်အား တွေ့မြင်ရစဉ်[/caption]ဒဂုံဆိပ်ကမ်းမြို့နယ် ၆၁၊ ၆၇ နဲ့ ၉၃ ရပ်ကွက်တွေက ကျူးကျော်အိမ်တွေဟာ အစိုရပလပ်မြေဖြစ်တဲ့အတွက် အထက်အဖွဲ့အစည်းတွေက စီမံခန့်ခွဲတဲ့အတိုင်း လုပ်ရတာလို့ ၉၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှကြည်က ပြောပါတယ်။

“ဆင့်ခေါ်စာနဲ့ အကြောင်းကြားထားပါတယ်။ မြို့နယ်ရဲ့ စီမံခန့်ခွဲမှု ဖြစ်တဲ့အတွက် အထက် အဖွဲ့အစည်းသီးသီးက ညွှန်ကြားတဲ့အတိုင်း ကျနော်တို့က လိုက်နာ ဆောင်ရွက်ပေးရပါတယ်။”

ဖေဖော်ဝါရီ ၁၆ ရက်နေ့ ပြောင်းခိုင်းထားပေမယ့် ကလေးတွေပညာရေးရှိလို့ ရက်အနည်းငယ်ထပ်ပေးဖို့ သက်ဆိုင်ရာကို တင်ပြထားတယ်လို့ ၉၃ ကျူးကျော်ရပ်ကွက်နေ ဦးသိန်းအောင်က ပြောပါတယ်။

“ကျောင်းသား မူလတန်း ပညာရေး၊ အလယ်တန်း ပညာရေး၊ အထက်တန်း ပညာရေးကို စီးပူး သင်ကြားနေရတဲ့ ကျောင်းသားပေါင်း ၅၀၀ ကျော်ရှိပါတယ်။ အဲဒီကလေးတွေရဲ့ အဓိက ပညာရေးရဲ့ နောက်ဆုံး အတန်းတင် စာမေးပွဲကာလ အချိန်လည်း ဖြစ်နေတဲ့အတွက် ဒါဟာ မဖြစ်သင့်ဘူးလို့ လူကြီးတွေကို တင်ပြတယ်။”

အဲ့ဒီမှာရှိတဲ့ ကျူးကျော်လို့ သက်မှတ်ပြီး ပြောင်းရွှေ့ပေးရမယ့် အိမ်ထောင်စုတွေဟာ နာဂစ်ဖြစ်ပြီးနောက်ပိုင်း အနယ်နယ်အရပ်ရပ်က ရောက်လာကြသူတွေလို့ ၉၃ ရပ်ကွက် ကျူးကျော်ရပ်ကွက်ကို စတင်ခဲ့တဲ့ ဦးမြင့်စိုးက ပြောပါတယ်။
“အခု နောက်ဆုံး ဒိတ်ပြောင်းလိုက်တဲ့ရက် ပြီးဆုံးမှပဲ ဒီအဖြေက ထွက်မှာပါ။ ဖျက်ဆိုလည်း ဖျက်။ သိမ်းဆိုလည်း သိမ်း။ လူထုနဲ့ လုပ်ကြမယ်ဆိုတော့ ကျနော်တို့ မတက်နိုင်ဘူးပေါ့ဗျာ။ ဘာလုပ်လို့ ရမလဲ၊ ဒါ အစိုးရလုပ်တဲ့ အလုပ်ပဲ။”

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်း အစိုးရပလပ်မြေအပေါ်မှာနေထိုင်တဲ့ ၆၁ ၊ ၆၇ နဲ့ ၉၃ ရပ်ကွက်တွေမှာ အိမ်ခြေ ၄၀၀၀ ကျော်လောက်ကျူးကျော်အိမ်တွေရှိပြီး သူတိုတွေဟာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နောက်ဆုံးထားပြောင်းရွှေ့ပေးရမှာဖြစ်ပါတယ်။

အဲ့ဒီပြောင်းရွှေ့မှုမှာ ကျူးကျော်မိသားစုတွေနေစရာမရှိဖြစ်ပြီး အစိုးရက ပြန်လည်နေရာချထားပေးဖို့ အစီအစဉ်တွေမရှိသလို တစ်စုံတရာ နစ်နာကြေးမရရှိကြပါဘူး။
လွန်ခဲ့တဲ့သီတင်းပတ်တုန်းကတော့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ အစိုးရဘက်က အိမ်ခြေတွေကို ဖယ်ခိုင်းပြီး မဖယ်တဲ့အိမ်တွေကို အင်အားသုံးဖျက်ဆီးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013