DVB Logo
Home
မြန်မာသတင်း
နို့ဖိုးဒုက္ခသည်စခန်း ကျန်းမာရေးဝန်ထမ်းများ အလုပ်ပြန်ဆင်း
DVB
·
February 12, 2014
နို့ဖိုးဒုက္ခသည်စခန်း ကျန်းမာရေးဝန်ထမ်းများ အလုပ်ပြန်ဆင်း
Donate to DVB

ထိုင်းနိုင်ငံ တာ့ခရိုင် အုန်းဖျန်ခရိုင်ထဲက နို့ဖိုး ကရင်ဒုက္ခသည်စခန်းက ဆန္ဒပြတဲ့ ကျန်း မာရေးဝန်ထမ်းတွေဟာ  တောင်းဆိုချက်အတိုင်းမရပေမယ့် လူထုနစ်နာမှုကို အခြေခံပြီး ပြန်အလုပ်ဆင်းနေပြီလို့ စခန်းဥက္ကဋ္ဌ စောလဆဲပလဲထီးက ပြောပါတယ်။

[caption id="attachment_51502" align="alignright" width="300"]DSC_0006 copy နို့ဖိုးဒုက္ခသည်စခန်း[/caption]

နို့ဖိုးဒုက္ခသည်စခန်းက ကျန်းမာရေးဝန်ထမ်းတွေဟာ သူတို့ကို လုပ်ခလစာ ဘတ်ငွေ ၁၀၀၀ တိုးပေးဖို့ ဖေဖော်ဝါရီ ၇ ရက်နေ့ကတည်းက အလုပ်မဆင်းဘဲ ဆန္ဒပြကြတာဖြစ်ပါတယ်။

ဒီဆန္ဒပြမှုနဲ့ပတ်သက်ပြီး Aide Medical International (AMI) တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပွဲမှာ တင်ပြခဲ့ရာ လိုက်လျောမှု မပေးခဲ့ပါဘူး။ ဒါပေမယ့် စခန်းတာဝန်ရှိသူတွေက လိုအပ်ချက်တွေကို ဆက်လက်စာတင်ဖို့နဲ့ လူထုတွေရဲ့ လိုအပ်ချက်ကိုကြည့်ဖို့ ပြောဆိုဆွေးနွေးခဲ့တဲ့အတွက် အခုလ ၁၁ ရက်နေ့က ပြန်ပြီး အလုပ်ဆင်းကြတာလို့ စခန်းဥက္ကဋ္ဌ စောလဆဲပလဲထီက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ ထိုင်း-မြန်မာနယ်ခြားကူညီရေးအဖွဲ့ TBC ကနေပြီး ရပ်က္ခာ တချို့ လျော့လိုက်တဲ့အတွက်  ကျန်းမာရေးဝန်ထမ်းတွေဟာ အပိုဆောင်းငွေကို တောင်းဆိုခဲ့ပါတယ်။ ဒါကို AMI က သူတို့အခက်အခဲကြောင့် မပေးနိုင်ကြောင်း ၂၀၁၄ မှာ လစာတိုး ပေးမယ်လို့ ပြောဆိုခဲ့တဲ့အပေါ် လစာတိုးရေး ဆန္ဒပြကြတာဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013