DVB Logo
Home
မြန်မာသတင်း
ရခိုင်ခေါင်းဆောင်အချို့ လုပ်ကြံခံရမှု စုံစမ်းရန် မလေးရဲအထူးတပ် ဖွဲ့စည်း
DVB
·
February 12, 2014
ရခိုင်ခေါင်းဆောင်အချို့ လုပ်ကြံခံရမှု စုံစမ်းရန် မလေးရဲအထူးတပ် ဖွဲ့စည်း
Donate to DVB

မြန်မာနိုင်ငံက ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေ မလေးရှားနိုင်ငံကို ရောက်ရှိစဉ် လုပ်ကြံခံရတဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖို့ မြို့တော် ရဲအထူးတပ်ဖွဲ့တခု ဖွဲ့စည်းထားတယ်လို့ ကွာလာလမ်ပူ စီအိုင်ဒီ အကြီးအကဲ ပြောပါတယ်။

အဲဒီကိစ္စဟာ နိုင်ငံရေးနဲ့ ပတ်သက်မှု ရှိနေပြီး သူကိုယ်တိုင် အဖွဲ့ခေါင်းဆောင်အနေနဲ့ ဒီအဖွဲ့ကို ဖွဲ့စည်းထားတာလို့ ယာယီ စီအိုင်ဒီအကြီးအကဲ အေစီပီ ခိုင်ရီ အာရာဆာက ပြောတာပါ။

[caption id="attachment_51359" align="alignright" width="300"]လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး  ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ရခိုင်ဓမ္မာရုံမှာ ဖေဖော်ဝါရီ ၇ ရက်နေ့က ရခိုင်ခေါင်းဆောင်တွေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ရခိုင်ဓမ္မာရုံမှာ ဖေဖော်ဝါရီ ၇ ရက်နေ့က ရခိုင်ခေါင်းဆောင်တွေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်[/caption]

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးအေးသာအောင်နဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့အပါအ၀င် ပါတီခေါင်းဆောင်အချို့တို့ စီးနင်းလာတဲ့ကားကို ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေပိုင်းက သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တာပါ။

ရခိုင်ခေါင်းဆောင်တွေ သွားလာခဲ့တဲ့ လမ်းတလျှောက် လုံခြုံရေးကင်မရာ (စီစီတီဗီ) ကနေ ရိုက်ယူထားတဲ့ ဗွီဒီယိုရုပ်မြင်ပြကွက်တွေအပါအ၀င် ရရှိထားတဲ့ အထောက်အထားတွေပေါ် အခြေခံပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါပြီလို့ မစ္စတာ ခိုင်ရီက ပြောပါတယ်။

ဒီ ပစ်ခတ်လုပ်ကြံမှု ဖြစ်ပြီး နောက်တနေ့ အမ်ဖန်နယ်မြေက မြန်မာလူမျိုးတယောက် အသတ်ခံရတဲ့ ကိစ္စဟာ ဆက်စပ်မှု ရှိနိုင်မလားဆိုတာတွေလည်း စုံစမ်းနေပါတယ်လို့ ကွာလာလမ်ပူ ရဲအထူးတပ်ဖွဲ့ အကြီးအကဲက သတင်းထောက်တွေကို ဒီနေ့ ပြောပါတယ်။

အထူးတပ်ဖွဲ့ဟာ မြန်မာနိုင်ငံရေးခေါင်းဆောင် ၂ ဦးကို မလေးရှားမှာ လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ မော်တော်ဆိုင်ကယ်သမား ၂ ဦးရဲ့ လူမျိုး၊ ဘယ်သူဘယ်ဝါ ဆိုတာကို သေချာ သိရအောင် မြန်မာသံရုံးနဲ့ တွဲဖက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013