DVB Logo
Home
မြန်မာသတင်း
ကမ္ဘာလုံးဆိုင်ရာသတင်းမီဒီယာလွတ်လပ်ခွင့်ဆု ဆန်ခါတင်စာရင်းတွင် အေအေပီပီ ပါဝင်နေ
DVB
·
February 9, 2022
ကမ္ဘာလုံးဆိုင်ရာသတင်းမီဒီယာလွတ်လပ်ခွင့်ဆု ဆန်ခါတင်စာရင်းတွင် အေအေပီပီ ပါဝင်နေ
Donate to DVB

၂၀၂၂ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ မီဒီယာလွတ်လပ်ခွင့်ညီလာခံကို အက်စ်တိုးနီးယားနိုင်ငံမှာ ဒီနေ့ ဖေ ဖော်ဝါရီ ၉ ရက်က စတင်ကာ ၂ ရက်တာ ကျင်းပနေပြီး အခုနှစ်ရဲ့ သတင်းမီဒီယာ လွတ် လပ်ခွင့်ဆုအတွက် နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ (အေအေပီပီ) က ဆန်ခါတင်ရွေးချယ်ခံရတဲ့ စာရင်းမှာ ပါဝင်နေပါတယ်။ 

အေအေပီပီဟာ မြန်မာစစ်တပ်ရဲ့ ပြည်သူလူထုအပေါ်တွင် ညှဉ်းပန်းနှိပ်စက်ဖိနှိပ်မှုတွေကို မှတ်တမ်းတင်တဲ့ လုပ်ဆောင်မှုတွေကြောင့် ဆုအတွက် ဆန်ခါတင်ရွေးချယ်ခံရတာ ဖြစ်ပါတယ်။

ခုလို ဆန်ခါတင်စာရင်းထဲမှာ ပါဝင်နေတဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးက ဂုဏ်ပြုကြောင်း ထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံမှာ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တို့ကို ကာကွယ်ဖို့အတွက် ယူကေအစိုးရနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)  ဟာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်တွေနဲ့ချီ မှတ်တမ်းပြုစုပြီး ကူညီစောင့်ရှောက် ပေးနေတဲ့အဖွဲ့ဖြစ်ပြီး အခု နွေဦးတော်လှန်ရေးကာလမှာလည်း စစ်တပ်ရဲ့ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ မှတ်တမ်းပြုစု နေ့စဉ်ထုတ်ပြန်ပေးနေပါတယ်။ 

မြန်မာနိုင်ငံမှာတော့ လက်ရှိ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းထားတဲ့ ကာလဟာ ၁ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း အကြမ်းဖက်နှိမ်နင်း ဖြိုခွင်းမှုတွေကြောင့် ကျဆုံးပြည်သူတွေ ထောင်ချီရှိနေခဲ့ပြီး မတရားဖမ်းဆီး ထောင်ချခံရသူတွေထဲမှာ သတင်းမီဒီယာသမားတွေရော၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ သာမန်အရပ်သား ပြည်သူတွေပါ ပါဝင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၄၀ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013