DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရန် မေခ၊ မလိခ အထိ ရက်ရှည်လမ်းလျှောက်မည်
DVB
·
February 11, 2014
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရန် မေခ၊ မလိခ အထိ ရက်ရှည်လမ်းလျှောက်မည်
Donate to DVB

ဧရာဝတီမြစ်ကြီး မပျက်စီးအောင် ထိန်းသိမ်းတဲ့အနေနဲ့ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအင်အားစုကော်မတီက ဦးစီးပြီး မေခ မလိခအထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်မယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်အစိုးရလက်ထက်တုန်းက သဘောတူညီချက်နဲ့ အကောင်အထည်ဖော်နေတဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းကို အများပြည်သူတွေရဲ့ ကန့်ကွက်မှုတွေကြောင့် လက်ရှိသမ္မတ ဦးသိန်းစိန်က သူ့အစိုးရသက်တမ်းကာလမှာ ရပ်ဆိုင်းထားတာပါ။

အခုဆန္ဒပြလမ်းလျှောက်ကြမယ့်သူတွေက အစိုးရသက်တမ်းတခုအတွင်းမှာ ရပ်ဆိုင်းထားတာမျိုး မဟုတ်ဘဲ အပြီးအပိုင်ရပ်ဆိုင်းဖို့ မိုင်ပေါင်း ၂၃၀၀ ကျော်ထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ကြမှာပါ။

ဦးစီးဆောင်ရွက်မယ့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုကော်မတီက ရန်ကုန်ကနေ မေခ မလိခ မြစ်ဆုံအထိ သွားကြမယ့် ဒီခရီးရှည်ချီတက်ပွဲဟာ ဧရာဝတီမြစ်ကြီး အဓွန့်ရှည် တည်ရှိရေးအတွက် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုတာလို့ ပြောပါတယ်။

စတင်လမ်းလျှောက်မယ့်နေ့ကို မတ်လ ၁ ရက်နေ့ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ ရန်ကုန်-မန္တလေး-မြစ်ဆုံအထိ ဧရာဝတီမြစ်ရိုးတလျှောက် ခြေလျင်လမ်းလျှောက်ကြမှာပါ။

ဖြတ်သန်းတဲ့လမ်းတလျှောက်မှာလည်း မြို့ရွာတွေမှာ မြစ်ဆုံနဲ့ပတ်သက်တဲ့ ဆိုးကျိုးတွေကို ဟောပြောသွားမှာ ဖြစ်ပြီး မြစ်ဆုံကျောက်တိုင်ကိုလည်း စိုက်ထူသွားကြမယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအင်းအားစုကော်မတီဝင် ကိုရဲထွဋ်ခေါင်က ပြောပါတယ်။

Myint Sone 4 copyလမ်းလျှောက်ဆန္ဒထုတ်ဖော်ဖို့အတွက် ခွင့်ပြုချက် တောင်းခံသွားမှာ မဟုတ်ပေမယ့် သူတို့လျှောက်မယ့် လမ်းတလျှောက်ကိုတော့ ရဲချုပ်ကိုတင်ပြသွားမယ်လို့ ပါတယ်။

ဒီလိုလမ်းလျှောက်ခြင်းအားဖြင့် မြစ်ဆုံစီမံကိန်းကို မြန်မာတွေ က ဘယ်လောက်ထိ ဖျက်သိမ်းစေချင်သလဲဆိုတာ ကမ္ဘာကရော၊ တရုတ်ကုမ္ပဏီတွေဘက်ကပါ ပိုမိုအာရုံစိုက်လာနိုင်မယ်လို့ ဆိုပါတယ်။

ဒီလိုဆန္ဒထုတ်ဖော်လို့ စီမံကိန်းမရပ်ဆိုင်းသေးဘူးဆိုရင်လည်း ရက်ဆိုင်းတဲ့အထိ နည်းမျိုးစုံနဲ့ အားထုတ်သွားမယ်လို့ ဆိုပါတယ်။ သူတို့ခရီးစဉ်အတွက် လိုအပ်မယ့် ဆေးဝါးအပါအ၀င် အကူအညီအထောက်ပံ့ပေးကြဖို့ အရပ်ဘက်အဖွဲ့အစည်းတွေကို မေတ္တာရပ်ခံထားပါတယ်။

မြစ်ဆုံစီမံကိန်းကို ဆောက်လုပ်တဲ့ တရုတ်ကုမ္ပဏီဘက်ကတော့ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်လိုတဲ့အကြောင်းကို မြန်မာနိုင်ငံကနေ သွားရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကို အခါအခွင့်သင့်တိုင်း ပြောဆိုနေပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ မြစ်ဆုံစီမံကိန်းကို သူ့အစိုးရ လက်ထက်မှာ ရပ်ဆိုင်းထားမယ်ဆိုပြီးတော့ ၂၀၁၁ ခုနှစ် စက်တင်ဘာမှာ ကြေညာခဲ့တာပါ။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013