DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းဒေသခံများကို ကူညီပေးနေသူ ကိုသော်ဇင် အဖမ်းခံရ
DVB
·
February 11, 2014
လက်ပံတောင်းဒေသခံများကို ကူညီပေးနေသူ ကိုသော်ဇင် အဖမ်းခံရ
Donate to DVB

ပုဒ်မ-၁၈ စီတန်းလမ်းလျှောက်အမှုပယ်ဖျက်ပြီး လက်ကျန်အမှုတွေ ရှိနေသေးတဲ့အတွက် စစ်ကိုင်းတိုင်း လက်ပံတောင်းဒေသခံတွေကို အကူအညီပေးနေတဲ့ ကိုသော်ဇင်ကို ဒီကနေ့မနက်ပိုင်းက ဒေသအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

lp2လက်ပံတောင်းဒေသခံတွေကို အကူအညီပေးနေတဲ့ ကိုသော်ဇင်ဟာ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ပတ်ဝန်းကျင်မှာဖြစ်ခဲ့တဲ့ ကြေးနီစီမံကိန်းပဋိပက္ခတွေကြောင့် အမှုဖွင့်တိုင်ကြားခံရမှုတွေရှိခဲ့ပြီး အခုလို ဖမ်းဆီးခံရတာပါ။

ဒီကြေးနီစီမံကိန်းကြောင့် ဒေသခံပြည်သူတွေနဲ့ ၀မ်ပေါင်ကြေးနီ ထုတ်လုပ်ရေး ကုမ္ပဏီတာဝန်ရှိသူတွေ ပဋိပက္ခဖြစ်ခဲ့တဲ့အတွက် အစိုရက အကြမ်းဖက်ဖြေရှင်းမှုတွေ ပြုလုပ်ပြီးနောက်ပိုင်း ကိုသော်ဇင်ကို ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းမှာ တရားစွဲဆိုဖို့ အမှုဖွင့်ထားတာ ၂ မှုလောက် ရှိတယ်လို့ ညောင်ပင်ကြီးရဲစခန်းမှူးက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ် ပတ်ဝန်းကျင်ရွာတွေက ဒေသခံတွေကတော့ သူတို့ကိုအကူအညီပေးနေတဲ့ ကိုသော်ဇင် ပြန်လွတ်လာအောင် ရဲစခန်းရှေ့မှာ သွားတောင်းဆိုမယ်လို့ ဆားလင်းကြီးမြို့နယ် တုန်ရွာသူ ဒေါ်မာချိုက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကြေးနီစီမံကိန်းပတ်ဝန်းကျင် ရွာတရွာဖြစ်တဲ့ ၀က်မှေးကျေးရွာမှာ ၀မ်ပေါင်ကုမ္ပဏီက ဒေသခံရွာသားတွေပိုင် လယ်မြေတွေပေါ် ခြံစည်းရိုးကာရံတဲ့အတွက် ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ်ပြီး ဖမ်းဆီးမှုတွေလည်း ဖြစ်ခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းမုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ၀မ်ပေါင်ကြေးနီစီမံကိန်း ပဋိပက္ခတွေမှာ ရဲက ပြစ်မှုဆိုင်ရာတွေနဲ့ အမှုဖွင့်ထားပြီး တရားစွဲဆိုဖို့ ကျန်နေသေးတဲ့အမှုတွေ ရှိနေသေးတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ အသံဖိုင်နားဆင်ရန်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013