DVB Logo
Home
မြန်မာသတင်း
ဗိုလ်ရှုခံပွဲပြုလုပ်မည့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတက်ရန် EAOs များကို စစ်ကောင်စီဖိတ်
DVB
·
February 7, 2022
ဗိုလ်ရှုခံပွဲပြုလုပ်မည့်  စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတက်ရန်  EAOs များကို စစ်ကောင်စီဖိတ်
Donate to DVB

ဗိုလ်ရှုခံပွဲပြုလုပ်မယ့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားမှာ ပါဝင်တက်ရောက်ကြဖို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့   EAOs တွေကို အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီ  ၆ ရက်မှာ ဖိတ်ကြားလိုက်ပါတယ်။

စိန်ရတု ပြည်ထောင်စုနေ့နဲ့ ကြုံကြိုက်တဲ့ အခါသမယမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးတို့ဟာ စည်ကားသိုက်မြိုက်စွာ ကျင်းပမယ့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ အချိန်မီတက်ရောက်ကြဖို့နဲ့ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်စဉ်ကာလအတွင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် ကျင်းပမယ့် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးကြဖို့ အထူးဖိတ်ကြားတယ်လို့ ဖိတ်ကြားချက်မှာဖော်ပြပါတယ်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတဲ့အဖွဲ့အစည်းများမှအပ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရော NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေပါ ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်ဖိတ်ခေါ်တယ်လို့ဆိုပါတယ်။

ဆွေးနွေးရာမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ပတ်သက်လို့ ကြိုတင်ကန့်သတ်ချက်မထားဘဲ တတ်နိုင်သလောက် လွတ်လွတ်လပ်လပ် နှီးနှော ဖလှယ်နိုင်ဖို့ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်တဲ့ သမိုင်းအစဉ်အဆက်ဖြစ်ပေါ် တည်ရှိလာတဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် ဒီမိုကရေစီကျင့်စဉ်တွေနဲ့အညီ စေ့စပ်ညှိနှိုင်းအဖြေရှာရေး နည်းလမ်းနဲ့ ထာဝရငြိမ်းချမ်းရေးကို ရှေးရှုဆွေးနွေးသွားကြမယ်လို့လည်းဆိုပါတယ်။

မြန်မာနိုင်ငံတဝန်း တိုင်းရင်းသားဒေသတွေအပါအဝင် ပြည်နယ်နဲ့အတိုင်းတွေမှာ စစ်ကောင်စီ တပ်တွေက  မြေပြင်ကရော လေကြောင်းကပါ  အကြမ်းဖက်တိုက်ခိုက်မှုတိုးမြှင့်ပြုလုပ် နေချိန် တဖက်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေပြည်တော်ကို စစ်ကောင်စီက ဖိတ်ခေါ်နေတာဖြစ်ပါတယ်။ 

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ၇၅ နှစ်မြောက် စိန်ရတုနေ့ အခမ်းအနားမှာ ဗိုလ်ရှုခံဖို့စီစဉ်နေပြီး ပြည်နယ်နဲ့တိုင်းအလိုက် သူ့ကို ချီတက်အလေးပြုမယ့် အလှပြယာဉ် ကား အစီး ၅၀ လောက် နေပြည်တော်မှာတည်ဆောက်နေကာ ကျပ်ငွေ သိန်းပေါင်း ၉ သောင်းကျော် အသုံးပြုသွားမယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013