DVB Logo
Home
မြန်မာသတင်း
ဧပြီ၊ မေ၊ ဇွန် ၃ လကို ငါးမဖမ်းရ ရာသီအဖြစ် သတ်မှတ်
DVB
·
February 7, 2022
ဧပြီ၊ မေ၊ ဇွန် ၃ လကို  ငါးမဖမ်းရ ရာသီအဖြစ် သတ်မှတ်
Donate to DVB

အခုနှစ် ဧပြီ၊ မေ၊ ဇွန် ၃ လကာလကို  ငါးမဖမ်းရ ရာသီလို့ သတ်မှတ်ပြီး ပင်လယ်ပြင်မှာ ငါးဖမ်းတာကို တားမြစ်ပိတ်ပင်သွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာနက ကြေညာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ငါးမဖမ်းရ ရာသီမှာ မေ၊ ဇွန်၊ ဇူလိုင်လတွေကို သတ်မှတ်ခဲ့ပြီး အခုနှစ်မှာတော့ အရင် နှစ်ထက် အချိန်တစ်လစောပြီး သတ်မှတ်လိုက်တာပါ။

ဒီနှစ်မှာ အမျိုးအစား မတူညီတဲ့လုပ်ငန်းတွေအတွက် သတ်မှတ်ကာလကို သီးခြား ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပြီး  ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေနဲ့ ဒီဇယ်ဆီ ဈေးကြီးနေတာကြောင့် ကမ်းဝေး ရေယာဉ်လိုင်စင်ခနှုန်းထားတွေကို  ပြင်ဆင်သတ်မှတ်သွား မယ်လို့  ဌာနက ဆိုပါတယ်။

ဒါ့အပြင် ငါးသယံဇာတတွေ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ဖို့ ရည်ရွယ်ပြီး ငါးမဖမ်းရ ရာသီကာလကို ကမ်းဝေးငါးဖမ်းလုပ်ငန်းတွေအပြင် ကမ်းနီး(စက်တပ်) ငါးဖမ်းရေယာဉ်တွေကိုပါ လိုအပ်တဲ့ ကန့်သတ်ချက်တွေ ထုတ်ပြန်သွားမယ်လို့ ဆိုထားပြီ ကမ်းနီးရေပြင် ဧရိယာသတ်ဖို့ကို လည်း ဆွေးနွေးဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အရင်က ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေကို ငါးမဖမ်းရ ရာသီအဖြစ်  နှစ်စဉ်ပုံမှန်သတ်မှတ်လေ့ရှိပြီး ၂၀၂၀ ပြည့်နှစ်ကစလို့ ပင်လယ်ပြင် ငါးမဖမ်းရရာသီကို တစ်နှစ်ကို တစ်လနှုန်း အချိန်စောပြီး သတ်မှတ်တား မြစ်ခဲ့တာပါ။

နော်ဝေနိုင်ငံရဲ့ သုတေသနပြု တွေ့ရှိချက်တွေအရ  မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါး၊ ပုစွန်သယံဇာတတည်ရှိမှု တစ်နှစ်ထက် တစ်နှစ်လျော့နည်းကျဆင်းလာတာကြောင့်  မြန်မာနိုင်ငံမှာ ငါးသယံဇာတ မပြုန်တီးရေး  ပြန်လည်ထိန်းသိမ်းနိုင်ရေးအတွက်  အရင်အရပ်သား အစိုးရ လက်ထက်ကတည်းက ဆောင်ရွက်ခဲ့တာပါ။

အရင်နှစ်တွေက ငါးမဖမ်းရ ရာသီအတွင်း ငါးဖမ်းခွင့်ကို ရာခိုင်နှုန်းအလိုက် ခွင့်ပြုပေးခဲ့ပေမဲ့ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ် ငါးဖမ်းရာသီတွေက စပြီး   ငါးဖမ်းရေယာဥ်တွေကို ရာခိုင်နှုန်းပြည့် ငါးမဖမ်း ရရာသီ၊ ငါးမဖမ်းရ ဧရိယာသတ်မှတ် ဆောင်ရွက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013