DVB Logo
Home
မြန်မာသတင်း
ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းရေး ၇၅ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံးနေ့တွင် တိုက်တွန်း
DVB
·
February 5, 2022
ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းရေး ၇၅ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံးနေ့တွင် တိုက်တွန်း
1 / 6
Donate to DVB

စစ်အာဏာရှင်စနစ်ကိုပယ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးစား ကြဖို့ ကေအန်ယူထိပ်ပိုင်း ခေါင်းဆောင်တယောက်ဖြစ်တဲ့ ပဒိုစောသမိန်းထွန်းက ပြည်သူလူထုကို တိုက်တွန်းလိုက်ပါတယ်။

၇၅ နှစ်မြောက် ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံးနေ့ (Karen National Union Day) အခမ်းအနားကို ကော်သူးလေ ထိန်းချုပ်နယ်မြေမှာ ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်က ကျင်းပရာမှာ အခုလို တိုက်တွန်းလိုက်တာပါ။

ကေအန်ယူ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောသမိန်းထွန်းက “ဒီကနေ့ ဗမာပြည်ရဲ့ ပြဿနာကတော့ စစ်အာဏာရှင်စနစ် အုပ်ချုပ်နေတဲ့အောက်မှာတော့ မဖြစ်နိုင်ဘူး။  စစ်အာဏာရှင်စနစ်ကို ပယ်ပြီးရင် တကယ်စစ်မှန်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖယ်ဒရယ်ဒီမိုကရေစီစစ်စစ် နိုင်ငံတစ်ခုပေါ်ထွန်းလာအောင် ကျနော်တို့ ဝိုင်းဝန်းကြိုးစားကြဖို့ အရေးကြီးတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ကေအန်ယူအနေနဲ့ လုပ်ငန်းလမ်းစဉ် အခြေခံမူမှာ ကရင်အမျိုးသား တစ်ခုတည်း အတွက် လုပ်ဆောင်ခဲ့တာမဟုတ်ဘဲ ဘဝတူ တိုင်းရင်းသားလူမျိုးစုတွေရဲ့ဘဝကို စာနာထောက်ထားသလို အဖိနှိပ်ခံ ဗမာအမျိုးသားတွေပါ ပါနိုင်အောင် သေချာခိုင်မာအောင် ရေး ဆွဲချမှတ်ခဲ့တဲ့အတွက် အားလုံးစည်းလုံးညွတ်ပြီး ကြိုးစားဆောင်ရွက်သွားကြဖို့  ဆိုပါတယ်။

အဆိုပါ အခမ်းအနားမှာ ပဒိုစောဆဲပွယ် ( KNU အထွေထွေအတွင်းရေးမှူး ၁) က အဖွင့်အမှာစကားပြောကြားကာ ပဒိုမန်းဘထွန်း (KNU - သစ်တောဌာနမှူး ) က KNU - ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးရဲ့ သဝဏ်လွှာကို ဖတ်ကြားပြီး ကရင်အမျိုးသားအစည်းအရုံးနေ့ ဖြစ်ပေါ်လာပုံအကျဥ်းကိုတော့ ပဒိုစောသမိန်ထွန်း ( ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်)က ရှင်းလင်းပြောကြားပြီး ကရင်လူငယ်မျိုးဆက်သစ်တွေက ဂုဏ်ပြုသီချင်းသီဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ကေအန်ယူဒု ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊  ကေအန်ယူ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ ကေအန်ယူ တရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုးတို့က ဂုဏ်ပြုစကားအသီးသီးပြောကြားခဲ့သလို ကေအန်ယူ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒို စောအောင်မော်အေးက ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

အခမ်းအနားကို ကေအန်ယူ -တပ်ဘက်ဆိုင်ရာ အကြီးအကဲ ခေါင်းဆောင်တွေ၊ ရဲဘော်ရဲဘက်တွေ၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ အကြီးအကဲ ခေါင်းဆောင်တွေ၊ ကရင်လူငယ်အစည်းအရုံး ( KYO )က ကရင်လူငယ်ခေါင်းဆောင်တွေနဲ့ ဒေသခံပြည်သူလူထုတွေ အပါအဝင် လူဦးရေ ၂၀၀ ကျော် တက်ရောက်ကြပါတယ်။

ဒီကနေ့မှာပဲ စစ်ကောင်စီတပ်က ကေအန်ယူ တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်(မူတြော်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောအုပ်စု၊ တဒွံခို့ကျေးရွာကို လေကြောင်းကနေ ဗုံကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ရွာသား ၂ ဦးသေဆုံးပြီး ကလေးငယ် အပါအဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို လူနေအိမ် ၁ လုံးမီးလောင်ကျွမ်းခဲ့ကာ ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013