DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့အရှည်ကြာဆုံး ထီးနန်းစိုးစံသူအဖြစ် ဗြိတိသျှ အဲလိဇဘက်ဘုရင်မကြီး မှတ်တမ်းဝင်
DVB
·
February 5, 2022
ကမ္ဘာ့အရှည်ကြာဆုံး ထီးနန်းစိုးစံသူအဖြစ် ဗြိတိသျှ အဲလိဇဘက်ဘုရင်မကြီး မှတ်တမ်းဝင်
Donate to DVB

ဗြိတိသျှဘုရင်မကြီး အဲလီဇဘက်ရဲ့ ထီးနန်းသက်ဟာ ဖေဖော်ဝါရီ ၆ ရက် တနင်္ဂနွေနေ့ဆိုရင် အနှစ် ၇၀ ပြည့်ပါတော့မယ်။ ဒါဟာ ဗြိတိသျှထီးနန်းသမိုင်း နှစ်ပေါင်း ၁၀၀၀ မှာ သက်တမ်း အရှည်ကြာဆုံး ထီးနန်းစိုးစံသူအဖြစ် မှတ်တမ်းဝင်သွားပါပြီ။

ကမ္ဘာ့တဝန်းမှာလည်း ဘုရင်မကြီးလို လူချစ်လူခင်များပြီး နန်းသက်ရှည်တဲ့ ဘုရင်မျိုး အနည်းအပါးလောက်ပဲ ရှိပါတယ်။  သက်တော် ၉၅ နှစ် ရှိပြီဖြစ်တဲ့ ဘုရင်မကြီးဟာ ခမည်းတော် ဆဋ္ဌမမြောက် ဂျော့်ချ်ဘုရင် နတ်ရွာစံတဲ့နောက် ၁၉၅၂ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ထီးမွေနန်းမွေကို ဆက်ဆံခဲ့ပါတယ်။ ဗြိတိသျှထီးနန်းကို ဆက်ခံသူဖြစ်တဲ့အတိုင်း ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန် အပါအဝင် ဓနသဟာယနိုင်ငံတွေရဲ့ ဘုရင်မကြီးလည်း ဖြစ်ပါတယ်။

ခေတ်အမျိုးမျိုး၊ စနစ်အမျိုးမျိုးကို သိမီခဲ့တဲ့ ဘုရင်မကြီးဟာ ကမ္ဘာတဝန်း ရှင်ဘုရင်တွေ၊ ပုပ်ရဟန်းမင်းအဆက်ဆက်နဲ့၊ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ အဆက်ဆက်ကို လက်ခံ တွေ့ဆုံခဲ့ပါတယ်။

နန်းသက် နှစ်ပေါင်း ၇၀ အတွင်း တောင်အာဖရိက ကနေ တရုတ်၊ အမေရိကန်ပြည်ထောင်စုကနေ ပါကစ္စတန်အထိ နိုင်ငံခေါင်းဆောင်တွေ၊ နိုင်ငံကိုယ်စားပြု ထိပ်တန်းအရာရှိတွေ၊ ထင်ရှားကျော်ကြားသူတွေ၊ အနုပညာရှင်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

ဘုရင်မကြီးရဲ့ နန်းသက် ၇၀ ပြည့်အခမ်းအနားကို ထီးနန်းအစဉ်အလာအတိုင်း ကျင်းပမှာ ဖြစ်ပြီး၊ ပျော်ပွဲရွှင်ပွဲအနေနဲ့ ကျင်းပမှာမဟုတ်ဘူးလို့ နိုင်ငံတကာသတင်းတွေကို ဖော်ပြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013