DVB Logo
Home
မြန်မာသတင်း
YBS ယာဥ်လိုင်းများ လိုင်းနံပါတ်ပြောင်းလဲ ပြေးဆွဲမည်
DVB
·
February 5, 2022
YBS ယာဥ်လိုင်းများ လိုင်းနံပါတ်ပြောင်းလဲ ပြေးဆွဲမည်
Donate to DVB

ရန်ကုန်မှာ လက်ရှိ ပုံမှန်ပြေးဆွဲနေတဲ့ YBS ယာဥ်လိုင်းတွေကို လာမယ့် ဖေဖော်၀ါရီ ၁၂ ရက်ကစလို့ ယာဥ်လိုင်းနံပါတ် ပြောင်းလဲ ပြေးဆွဲသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲဒီထုတ်ပြန်ချက်အရ ယာဥ်လိုင်းနံပါတ်တူပြီး ဂိတ်ရင်း ဂိတ်ဖျားမတူတဲ့ ယာဥ်လိုင်းတွေကို ယာဥ်လိုင်းနံပါတ်အသစ်တွေနဲ့ ပြောင်းလဲပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ယာဥ်လိုင်းတစ်လိုင်းကို နံပါတ်တစ်ခုတည်း ထားရှိမယ့်စနစ်ဖြစ်ပြီး၊ နံပါတ်တူ လမ်းကြောင်းခွဲ ယာဥ်လိုင်းတွေကို လိုင်းနံပါတ်အသစ်နဲ့ ပြောင်းလဲပြေးဆွဲတာဖြစ်တယ်လို့ လေ့လာ စောင့်ကြည့်သူတွေက ဆိုပါတယ်။ 

YBS စီးနင်းသူတစ်ယောက်ကတော့ “စီးပွားရေးတွေက မကောင်း၊ ရောဂါတွေကဖြစ်နဲ့ စိတ်တွေ ရှုပ်နေရပါတယ်ဆို အခုယာဥ်လိုင်းနံပါတ်တွေ ထပ်ပြောင်းတော့ ပုံမှန်ကိုယ်စီးနေကျ နံပါတ်စီးလို့ မရတော့ဘူး။ ထပ်ရှာရ၊ မှတ်ရဦးမယ်။ အာရုံတွေ ထပ်နောက်ရဦးမယ်”လို့ ပြောပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ YBS ယာဥ်လိုင်း ၉၈ လိုင်း၊ ယာဥ်စီးရေ ၂၈၀၀ ကျော် ပုံမှန် ပြေးဆွဲပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က ထုတ်ပြန်ထားပါတယ်။

ကော်မတီအနေနဲ့ YPS ယာဥ်လိုင်းတွေမှာ  YPS ကတ်စနစ်အပြင်၊ QR ကုတ်စနစ်နဲ့ပါ ငွေပေးချေနိုင်ရေး စီစဥ်နေတယ်လို့ အသိပေးထုတ်ပြန်ထားပြီး အခုအခါမှာ ယာဥ်လိုင်း ၃၆ လိုင်း၊ ယာဥ်စီးရေ ၁၉၀၀ ကျော်မှာ ကတ်စနစ် အသုံးပြုနိုင်ပြီးလို့  ဆိုထားပါတယ်။

ထပ်မံပြီး ကော်မတီအနေနဲ့ ကျန်ရှိနေတဲ့ YBS ယာဥ်လိုင်းတွေမှာ YPS စက်တွေ တပ်ဆင် အသုံးပြုနိုင်ရေး ယာဥ်ပိုင်ရှင်တွေနဲ့ ဆွေးနွေးနေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013