DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုကိုယ်စားလှယ်အား လက်မခံရန် ICJ တရားရုံးကို တိုက်တွန်း
DVB
·
February 5, 2022
စစ်အုပ်စုကိုယ်စားလှယ်အား လက်မခံရန် ICJ တရားရုံးကို တိုက်တွန်း
Donate to DVB

နိုင်ငံတကာတရားရုံး (ICJ)မှာ ရင်ဆိုင်နေရတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကိစ္စမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် မြန်မာစစ်အုပ်စုကို လက်မခံသင့်ဘူးလို့ လူ့အခွင့်အရေးနဲ့ တရားမျှတရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲထားတဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကြားနာစစ်ဆေးမှုကို  သည်ဟိတ်မြို့ရှိ ICJ တရားရုံးမှာ လာမယ့်  ဖေဖော်ဝါရီ ၂၁ ရက်မှာ စတင်ဖို့ ရှိနေချိန်မှာ   Legal Action Worldwide အဖွဲ့၊ Fortify Rights နဲ့ Myanmar Accountability Project အဖွဲ့တို့က ဒီကနေ့  ICJ တရားရုံးဥက္ကဋ္ဌထံ စာပေးပို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

တရားရုံးမှာ မြန်မာစစ်အာဏာရှင်အုပ်စုကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တရားရုံးက လက်ခံမယ်ဆိုရင် စစ်အုပ်စုရဲ့ ဥပဒေမဲ့ အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေမယ့် အန္တရာယ်ရှိနိုင်တယ်လို့ အဆိုပါအဖွဲ့ ၃ ဖွဲ့က  ပြောပါတယ်။ 

ICJ ဟာ မြန်မာနိုင်ငံ ကိုယ်စားပြုသူအဖြစ်  စစ်အာဏာရှင်ကို လက်ခံမယ်ဆိုရင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ဆန့်ကျင်နေမှာ ဖြစ်သလို တခြားကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ချဉ်းကပ်ပုံနဲ့ တသမတ်တည်း ကိုက်ညီမှာမဟုတ်ကြောင်းနဲ့  NUG မှ ခန့်အပ်ထားတဲ့ ကိုယ်စားလှယ်ကိုသာ ICJ တရားရုံးက အသိအမှတ်ပြုသင့်ကြောင်း ပေးစာမှာ ရှင်းလင်းပြထားပါတယ်။

လက်ရှိ ကုလသမဂ္ဂမှာ  အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ    မြန်မာနိုင်ငံကို ကိုယ်စားပြုသူအဖြစ် တရားဝင် သတ်မှတ်ထားတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံကိုယ်စား ICJ တရားရုံးမှာ  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကသာ ပါဝင်ဆောင်ရွက်ခွင့်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ICJ  တာဝန်ရှိသူတွေထံ အကြောင်းကြားထားပြီး ဖြစ်ပါတယ်။ 

၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်ကာလက ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်း စစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံရှိ ရိုဟင်ဂျာတွေ ထွက်ပြေးရွှေ့ပြောင်းခဲ့ရတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

ဒီအမှုကိစ္စ ICJ မှာ ကနဦး ကြားနာပွဲကို ၂၀၁၉ ဒီဇင်ဘာလက  ပြုလုပ်ခဲ့ပြီး ဒီကြားနာပွဲတုန်းက မြန်မာနိုင်ငံဘက်က တင်သွင်းခဲ့တဲ့ ကနဦးကန့်ကွက်ချက်ကို NUG အစိုးရက ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013