အခြေခံဥပဒေပြင်ဆင်ရေး ဟင်္သာတတွင် ဆန္ဒပြ
DVB
·
February 11, 2014

1 / 8
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဒီကနေ့ မနက်ပိုင်းက ဆန္ဒထုတ်ဖော်ထုတ်ခဲ့ကြပါတယ်။
ဟင်္သာတမြို့က ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေပူးပေါင်းပြီး “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးပေးဖို့၊ ပုဒ်မ ၁၈ ဖျက် သိမ်းပေးဖို့နဲ့ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒထုတ်ဖော်ပွဲကို သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး လူအင်အား ၁၀၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
ဥပဒေပြင်ဆင်ရေးမှာ အဓိက တာဝန်ရှိတဲ့ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသား လွှတ်တော်ကို တောင်းဆိုရတာလို့ ဆန္ဒပြပွဲမှာ ပါဝင်သူ လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများကွန်ရက် အဖွဲ့ဝင်က ဒီဗွီဘီကို ပြောပါတယ်။ (ဓာတ်ပုံ - ပြည့်ဖြိုး icj)[gallery ids="51546,51547,51548,51549,51550"]










