DVB Logo
Home
မြန်မာသတင်း
လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အမျိုးသမီးအခန်းကဏ္ဍ ပါဝင်ရန်ရှိ
DVB
·
February 11, 2014
လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အမျိုးသမီးအခန်းကဏ္ဍ ပါဝင်ရန်ရှိ
Donate to DVB

နောင်လာမယ့် ငြိမ်းချမ်းရေးဆိုင်ရာ အခြေခံမူဘောင်ဆွေးနွေးပွဲတွေမှာ အမျိုးသမီး အခန်းကဏ္ဍတွေလည်း ပါဝင်ဆွေးနွေးသွားဖို့ ရှိတယ်လို့ အစိုးရ  ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

[caption id="attachment_51531" align="alignright" width="300"]လိုင်ဇာတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပခဲ့စဉ်က လိုင်ဇာတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပခဲ့စဉ်က[/caption]

ဦးအောင်မင်းရဲ့ ခုလိုပြောကြားချက်အပေါ်မှာ အမျိုးသမီးအဖွဲ့တွေက ကြိုဆိုလိုက်ပြီး ပါဝင်နိုင်မယ့် အခန်းကဏ္ဍတွေနဲ့ပတ်သက်လို့လည်း အကြံပြုထားကြပါတယ်။

တပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်မရခဲ့တဲ့ အမျိုးသမီး အခန်းကဏ္ဍတွေကိုလည်း နောင်လာမယ့် ငြိမ်းချမ်းရေးဆိုင်ရာ အခြေခံ မူဘောင် ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဖေဖော်ဝါရီ ၈ ရက် ရန်ကုန်မြို့ ပင်လုံပန်းချီပြပွဲမှာ ၀န်ကြီး ဦးအောင်မင်းက ဒီဗွီဘီကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီပြောဆိုချက်အပေါ်မှာ တိုင်းရင်းသူအမျိုးသမီးအဖွဲ့ပေါင်း ၁၂ ဖွဲ့ ပါဝင်တဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ကြိုဆိုလိုက်ပြီး ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ အမျိုးသမီးအဖွဲ့တွေ ဖြစ်ဖို့ လိုအပ်တယ်လို့ အဖွဲ့ချုပ်ရဲ့ အတိုင်ပင်ခံ မိဆူးပွင့်က ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်လာပြီဆိုရင် စစ်ပွဲရဲ့ဒဏ်ကို အမျိုးသမီးတွေက ပိုခံရသလို ကိုယ့်မိသားစု ဘ၀ကိုလည်း ပိုပြီးတာဝန်ယူရတဲ့အတွက်  စစ်ပွဲကို အရပ်စေချင်ဆုံး၊  ငြိမ်းချမ်းရေးကို အလိုလားဆုံးက အမျိုးသမီးအဖွဲ့တွေ ဖြစ်ကြောင်း အဲဒီစိတ်ဓာတ်တွေက အပစ်အခတ်ရပ်ရေး ဆွေးနွေးပွဲ အောင်မြင်စေဖို့ အထောက်အပံ့ဖြစ်စေမယ်လို့လည်း သူက ဆက်ပြောပါတယ်။

သူတို့ အမျိုးသမီးအဖွဲ့အစည်းတွေမှာလည်း အဖွဲ့ စတင်ထူထောင်ကတည်းက အမျိုးသမီး တွေ နိုင်ငံရေးကို နားလည်ရေး၊ နိုင်ငံရေးမှာ ပါဝင်ခွင့်စတာတွေနဲ့ ပတ်သက်ပြီး အစဉ်တစိုက် အရည်အသွေးမြှင့်သင်တန်းတွေ လေ့လာပို့ချခဲ့တဲ့အတွက် အပစ်အခတ်ရပ်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ အသင့်ရှိပါကြောင်း မိဆူးပွင့်က ထပ်လောင်းပြောဆိုပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အမျိုးသမီးဌာန ဒုတာဝန်ခံ ဒေါ်မီးမီးကလည်း ပြည်ထောင်စုဝန်ကြီးအဆင့်ရှိသူတွေက ခုလို ပြောကြားလိုက်တာကို အောက်ခြေမှာ လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အပစ်အခတ်ရပ်ရေး၊ နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍ အင်မတန် နည်းပါးခဲ့ပြီး အမျိုးသမီးအဖွဲ့တွေ ပါဝင်ခွင့်ရဖို့ အရင်ကလည်း တိုက်တွန်း တောင်းဆိုခဲ့သလို နောက်နောင်ကိုလည်း မရမချင်း ဆက်ပြီး တောင်းဆိုသွားမယ်လို့  ရခိုင်အမျိုးသမီးအစည်းအရုံးဥက္ကဋ္ဌလည်းဖြစ် တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(အန်စီစီတီ)ထဲ ပါဝင်သူ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

အန်စီစီစီတီရဲ့ ကော်မတီဝင်တဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း  အမျိုးသမီးတွေ က ဖြတ်ထိုးဥာဏ်ပိုကောင်းတဲ့အတွက် ဆွေးနွေးပွဲကို ပိုအောင်မြင်စေပြီး ပြီးခဲ့တဲ့ ဆွေးနွေးပွဲ တွေမှာ အမျိုးသမီးတွေ ပါဝင်မှု အားနည်းရတာဟာ သူတို့ရဲ့ ကန့်သတ်ချက်ကြောင့် မဟုတ်ဘဲ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်စေလွှတ်တဲ့အပေါ်မှာသာ မူတည်တယ်လို့ ပြောပါတယ်။

လက်ရှိ အပစ်အခတ်ရပ်ရေး ဆွေးနွေးပွဲတွေမှာ အမျိုးသမီးအဖွဲ့တွေ မပါဝင်သေးပေမယ့် တနိုင်ငံလုံး နိုင်ငံရေးဆွေးနွေးပွဲကျရင် လူထုလူတန်းစားအဖွဲ့အစည်းကိုယ်စားလှယ်တွေပါ ပါဝင်ကြမှာ ဖြစ်တဲ့အတွက် အမျိုးသမီးအဖွဲ့တွေအနေနဲ့ အဲဒီအချိန်မှာ ပါဝင်လာလိမ့်မယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013