DVB Logo
Home
မြန်မာသတင်း
ကင်းလှည့်တပ်သားအချို့ ပစ်ခတ်ခံရသဖြင့် ကျွန်းစုအနီးတဝိုက်ရေပြင်တွင် စစ်တပ်ကစစ်ဆေး
DVB
·
February 4, 2022
ကင်းလှည့်တပ်သားအချို့ ပစ်ခတ်ခံရသဖြင့် ကျွန်းစုအနီးတဝိုက်ရေပြင်တွင် စစ်တပ်ကစစ်ဆေး
Donate to DVB

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်းက ကဏန်းကျွန်းမော်အနီးမှာ လှေနဲ့ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သား ၃ ဦး ပစ်ခတ်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်က ရေပြင်စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

လှေနဲ့ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အဲဒီလို ပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့တွေက ကျွန်းစုမြို့နယ်ထဲက တုန်းပြဲ၊ မင်းခေါင်းဆေး၊ ဂလစ် စတဲ့ ကျေးရွာအနီးတဝိုက်မှာ သွားလာနေတဲ့ ခရီးသွားလှေတွေနဲ့ ငါးဖမ်းလှေတွေကို ခေါ်ယူပြီး ဖုန်းတွေကိုပါ ဖွင့်ကြည့်စစ်ဆေးနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ရေလုပ်သားတစ်ဦးက ပြောပါတယ်။ 

ဒေသခံတွေအနေနဲ့ ဥပဒေချိုးဖောက်မှုတွေကို မပြုလုပ်ထားပေမယ့် အခုလိုစစ်ဆေးမှုတွေကြောင့် ကြောက်လန့်ပြီး ခရီးဆက်မသွားဘ နောက်ပြန်လှည့်တဲ့ ခရီးသွားလှေတွေနဲ့ ငါးဖမ်းလှေတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေတပ်သင်္ဘောတွေအနေနဲ့ နေရာအနှံ့ ညဘက်တွေပါ ကင်းချထားတာတဲ့အပြင် ကျွန်းစုမြို့ပေါ်မှာလည်း ည ၉ နာရီ နောက်ပိုင်းလှေတွေ အဝင်အထွက်မလုပ်ရဆိုပြီး ကန့်သတ်ထားတာကြောင့် ညဘက်တွေမှာသာ ငါးရှာဖွေရတဲ့ ပင်လယ်ရေလုပ်သားတွေအနေနဲ့ အခက်ခဲဖြစ်ပေါ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အဲဒီလို မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်ရက်တွေမှာ ကျွန်းစုမြို့နယ်ထဲက ပန်းဇင်၊ တုန်းပြေ၊ မင်းခေါင်းဆေး စတဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်သား ၂၀ လောက် ရောက်လာတာကြောင့် ဖမ်းဆီးစစ်ဆေးခံရမှာကို စိုးရိမ်ပြီး ဒေသခံအချို့ ထွက်ပြေးရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။  

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ ညပိုင်းက ကဏန်းကျွန်း အနီးတစ်ဝက်မှာ လှေငယ်တစ်စီးနဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်တွေကို မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်စောင့်ဆိုင်းပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့တယ်လို့ မြိတ် PDF အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013