DVB Logo
Home
မြန်မာသတင်း
ကျီစုသုသာန်တွင် နာရေးစရိတ်မြင့်တက်နေပြီး အခြေခံလူတန်းစားများ အခက်တွေ့
DVB
·
September 11, 2026
Photo: ဖြိုးလေး
Photo: ဖြိုးလေး
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး  ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ကျီစုသုသာန်မှာ နာရေးစရိတ် မြင့်တက်လာတာ ကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ အခက်ကြုံတွေ့နေရတယ်လို့ လူမှုကူညီရေးအသင်းတွေက သိရပါတယ်။

ကျီစုသုသာန်မှာ အခေါင်းဈေးနှုန်းနဲ့ ကတ်ဈေးနှုန်းတွေက အရင်ထက် အဆမတန် မြင့်တက်လာတာကြောင့် နာရေးကိစ္စ ဆောင်ရွက်ရာမှာ အခက်အခဲတွေ ရှိလာတယ်လို့ ဆိုပါတယ်။

လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က “အခုခေတ်က ပိုက်ဆံမရှိရင်တောင် သေဖို့ မလွယ်ဘူး။ နာရေးစရိတ်က တော်တော်ကြီးတယ်။ အခေါင်းဈေးနှုန်းတွေကလည်း ကြောက်စရာ။ ပိုက်ဆံမရှိတဲ့သူတွေအတွက်ကျတော့ တော်တော်လေး အခက်ကြုံနေရတယ်။ အဆင်မပြေဘူး။ ပိုင်ရှင်မဲ့အလောင်းတွေကို သင်္ဂြိုဟ်ဖို့ဆိုရင် အခက်အခဲတွေ ရှိလာတယ်။ သေဖို့ကခက်နေပြီ” လို့ ပြောပါတယ်။

လက်ရှိ ကျီစုသုသာန်မှာ ရိုးရိုးကတ်ဈေးနှုန်းက ၄၀,၀၀၀ ကျပ်ဖြစ်ပြီး အနိမ့်ဆုံး သေတ္တာအခေါင်း ဈေးနှုန်းမှာ အရင် ၁၉၀,ဝဝဝ ကနေ ၂၁၀,၀၀၀ ကျပ်အထိ မြင့်တက်လာတယ်လို့ ပြောပါတယ်။

သင်္ဂြိုဟ်ခကိုတော့ စည်ပင်က သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း ၃၀,ဝဝဝ ကျပ်ဖြစ်ပြီး ရေခဲတိုကမှာ အလောင်းထားပါက တရက် ၉,၀၀၀ ကျပ် ပေးရတယ်လို့ သိရပါတယ်။

အရင်က နာရေးကိစ္စအတွက် စည်ပင်ကို ဖုန်းဆက် အကူအညီတောင်းပါက စည်ပင်နာရေးကားတွေက နေအိမ်အထိ လာရောက်သယ်ဆောင်ပေးခဲ့တာ ရှိပါတယ်။

အခုအခါမှာတော့ သုံးစွဲနိုင်တဲ့ ငွေကြေးပမာဏအပေါ် မူတည်ပြီး ကားထွက်ပေးတာကြောင့် လူမှုကူညီရေးအသင်းတွေကပဲ နာရေးကိစ္စတွေကို အများဆုံး ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။

ငွေကြေးမတတ်နိုင်တဲ့သူတွေ နာရေးလုပ်ပါက သုသာန်မှာ နှိမ်ချဆက်ဆံခံရတာတွေရှိပြီး ရေခဲတိုက်မှာ အလောင်းပေးမထားတော့ဘဲ ချက်ခြင်းသင်္ဂြိုဟ်ခိုင်းတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013