DVB Logo
Home
မြန်မာသတင်း
နေအိမ်ကနေ မဖယ်ရရေး အစိုးရဆီ စာတင်
DVB
·
February 11, 2014
နေအိမ်ကနေ မဖယ်ရရေး အစိုးရဆီ စာတင်
Donate to DVB

ရန်ကုန်တိုင်း ယုဇနဥယျာဉ်မြို့တော်အနီးက နေထိုင်ကြသူတွေက သူတို့ လက်ရှိနေအိမ် တွေကနေ  မဖယ်ရရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရဆီ သွားရောက်စာတင်ခဲ့ပါတယ်။

[caption id="attachment_51527" align="alignright" width="300"]ပြောင်းရွှေ့ခံရသည့် ၆၇/၆၁ ရပ်ကွက်သားများ ဆန္ဒပြခဲ့ကြစဉ်က ပြောင်းရွှေ့ခံရသည့် ၆၇/၆၁ ရပ်ကွက်သားများ ဆန္ဒပြခဲ့ကြစဉ်က[/caption]

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အနီးက ၉၃ တိုးချဲ့ရပ်ကွက်မှာ ရှိတဲ့ အိမ်ခြေ ၁၄၀၀ ကျော်ကို လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်ပေးဖို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီ ၇ ရက်နေ့က စာပေးပို့ ထားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ၉၃ တိုးချဲရပ်ကွက်မှာ နေထိုင်သူတွေက  ဒီမြေကနေ မပြောင်းရရေး အပါအ၀င် အချက် ၃ ချက်ကို တိုင်းဒေသကြီး ၀န်ကြီးအဖွဲ့ဆီကို ဒီကနေ့ သွားရောက်တင်ပြခဲ့ တယ်လို့ ဒေသခံ ဦးသိန်းအောင်က ပြောပါတယ်။

“ကျနော်တို့ အဓိက တောင်းဆိုထားတာကတော့ ဒီမြေကြီးသည် အစိုးရပိုင် ပလပ် မြေကြီး ဖြစ်တဲ့အတွက် အစိုးရရဲ့ သတ်မှတ်သောငွေကြွေးများဖြင့် ပေးသွင်းပြီး ၀ယ်လိုတယ်၊ ကာလတခုဟာ ဖေဖော်ဝါရီ ၁၂ ရက်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ဘူး။ ပညာသင်နေတဲ့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းပညာရေးမှာ သင်ကြားနေတဲ့ သားနဲ့သမီးငယ်တွေရဲ့ စာမေးပွဲ ကာလလည်း ဖြစ်တဲ့အတွက် အထက်တန်းစာမေးပွဲပြီးဆုံးတဲ့ကာလအထိ အပြန်အလှန်ညှိနှိုင်း၊ နောက်တခုကတော့ တကယ်လို့ ဒီမြေကြီးသည် ပလပ်မြေကြီး အမျိုးအစားဖြစ်သော်လည်း ကြီးမားသော အကျိုးအမြတ်ရှိနိုင်တဲ့ စီမံကိန်းတွေရှိမယ်ဆိုခဲ့ရင် ကျနော်တို့ နေရမယ့် မြေနေရာ ကျနော်တို့ ပြန်လည်တောင်းဆိုပါတယ်။ ပြောင်းရွှေ့ရမယ့် နစ်နာမှုကို ကျနော်တို့ ပြန်လည်တောင်းဆိုပါတယ်။ ”

သွားရောက်တင်ပြတဲ့အခါမှာ မနက်ဖြန်မှာ ပြန်လည်ချိန်းဆိုပြီး ဒီကိစ္စပေါ် မစိုးရိမ်ဖို့ လည်း ပြောဆိုခဲ့တယ်လို့ ဦးသိန်းအောင်က ပြောပါတယ်။

၁၉၉၄ ခုနှစ်က သင်္ဃန်ကျွန်းမြို့နယ် ဘူတာရုံအနီးမှာ နေထိုင်ကြတဲ့ မိသားစုတွေကို အစိုးရက ရွှေ့ပြောင်းတဲ့အခါမှာ ယုဇနမြို့တော်အနီး ၉၃ ရပ်ကွက်မှာ နေထိုင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိနေတဲ့ မြေနေရာတွေဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မတိုင်ခင်က ခြုံထူထပ်တဲ့ မြေနေရာ တွေဖြစ်ပြီး ဒေသခံတွေက ခုတ်ထွင်ရှင်းလင်းပြီး နေထိုင်လာခဲ့တာလို့  ဦးသိန်းအောင်က ပြောပါ တယ်။

“ဒီလိုနေထိုင်ခွင့်ပြုတဲ့နေရာမှာ သင်္ဃန်းကျွန်းမြို့နယ် ဘူတာရုံအနီးက မိသားစုတွေရော ရန်ကုန် ၁ ရပ်ကွက်က မိသားစုတွေရော အခုလို ပြောင်းရွှေ့နေထိုင်တဲ့အခါမှာ ဒီမြေလေးက ပိုလျံမြေကြီးပေါ့၊ ၉၄ ခုကနေ အခုချိန်ထိဆိုတော့ တောကြီး ဖြစ်တာပေါ့။ တောကြီးဖြစ်ရာ ကနေ ၂၀၁၁ မှာတော့ အရပ်သားအစိုးရလည်း ပေါ်ပေါက်လာပြီဖြစ်လို့ ဒါဟာ နိုင်ငံတော်ရဲ့ ပလပ် မြေဆိုတာလည်း ဒေသခံပြည်သူတွေက သိထားတော့ နေစရာ အခက်အခဲရှိကြတဲ့ ပုဂ္ဂိုလ်တွေ တန်ဖိုကြီးကြီး ၀ယ်မယူနိုင်တဲ့ မိသားစုတွေက ခုတ်ထွင်ရှင်းလင်းပြီးတော့ နေထိုင်ခဲ့ကြတာ။ ၂၀၁၁ ခု နေထိုင်ချိန်ကာလကနေပြီ အခုစာထွက်တဲ့အထိလည်း ဘယ်ဌာနဆိုင်ရာကမှ တားဆီးဟန့်တား နှောင့်ယှက်ခြင်း ပယ်ဖျက်ခိုင်းချင်း မရှိခဲ့ဘူး။ အဲဒီအတွက် ကျနော်တို့က နိုင်ငံတော်ရဲ့ မြေပေါ်မှာ ဘယ်လိုဖြစ်ဖြစ် တချိန်တခါမှာတော့ တရားဝင်နေထိုင်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်ချက်နဲ့ နေခဲ့ကြတာဖြစ်ပါတယ်။”

၉၃ တိုးချဲရပ်ကွက်နည်းတူ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၆၀၊ ၆၁ နဲ့ ၆၇ ရပ်ကွက်မှာ နေ ထိုင်သူတွေကိုလည်း ဖေဖော်ဝါရီ ၁၂ နေ့ နောက်ဆုံးထား ဖယ်ရှားခိုင်းထားပြီး အဲဒီရပ်ကွက် ၄ ခုမှာ လူဦးရေ ၈ သောင်းလောက် နေထိုင်ကြတယ်လို့  ပြောပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013